အပိုင်း ၂၀

196 15 0
                                    

Unicode

ဖိုးရသ စာသင်ခန်းထဲသို့ပြန်ရောက်သည်နှင့် ပန်းဝတ်မှုံအား ရှာတော့သည်။ သို့သော် ပန်းဝတ်မှုံက စာသင်ခန်းထဲတွင်မရှိနေပေ။ ထို့ကြောင့် ပန်းဝတ်မှုံနှင့် တစ်တန်းထဲအတူတူထိုင်သည့် ကေသီဆီကိုသာ မေးဖို့ဆုံးဖြတ်လိုက်သည်။

"ဟဲ့ ကေသီ ပန်းဝတ်မှုံရော"

"ဝတ်မှုံလား သူခဏကပဲ အပြင်ထွက်သွားတယ်"

"ဘယ်ကိုသွားတာလဲ သူက"

"အဲ့ဒါတော့ တို့လဲမသိဘူး၊ သူလဲတို့ကို ဘာမှ မပြောသွားဘူး"

ကေသီစကားဆုံးသော် ဖိုးရသတစ်ယောက် စာသင်ခန်းထဲမှ ‌ထွက်သွားတော့လေသည်။ အပြင်၌လဲ ပန်းဝတ်မှုံကိုသာ ရှာနေမိသည်။ ရှာနေရင်း နောက်ဆုံးတော့ ထင်းရှူးပင်အောက် ခုံတန်းပေါ်တွင်ထိုင်နေသော ပန်းဝတ်မှုံအား မြင်လိုက်ရသည်။ သူလဲ အချိန်ဆွဲမနေဘဲ ပန်းဝတ်မှုံနားသို့ ခပ်မြန်မြန်ရောက်အောင်သွားတော့သည်။

"ဝတ်မှုံ.....!!"

ဒေါသထွက်နေသည့်လေသံဖြင့် သူ(မ)အားခေါ်ပုံထောက်ရင် သေချာပေါက် ဖိုးရသသာဖြစ်ရမည်ဟု သူ(မ)ခန့်မှန်းလိုက်သည်။ သူ(မ)အပေါ်သို့မော့ကြည့်လိုက်တော့ ခန့်မှန်းထားသည့်အတိုင်း ဖိုးရသပင်ဖြစ်နေသည်။ သေချာသည်ကတော့ သတင်းကို ဖိုးရသကြားလာပြီးသည်ပင်။

"ဘာလို့ လူကို ဒေါသနဲ့လာခေါ်နေတာလဲ"

"လူတွေပြောနေကြတာက အမှန်ပဲလား"

"ဘာကိုလဲ အော်........ ဟိုသတင်းလား၊ မှန်ရင်လဲ မှန်နေမှာပေါ့"

"ငါ့ကို မျက်နှာလာမပြောင်နေနဲ့ ဝတ်မှုံ"

"ငါက နင်ကို ဘယ်မှာမျက်နှာပြောင်နေလို့လဲ"

"ဝတ်မှုံ...!!!"

"ဒီမှာ...... ဖိုးရသ"

ပန်းဝတ်မှုံလဲ ထိုင်နေရာမှ ချက်ချင်းထရပ်ကာ ဖိုးရသအားစိုက်ကြည့်၍ စကားဆက်တော့သည်။

"ငါ့ဘာသာငါ ဘယ်သူနဲ့ရည်းစားဖြစ်ဖြစ် နင်နဲ့ဆိုင်လား။ ဟိုး... အရင်ကတည်းက နင်ကအပေါ်စိုးမိုးနေခဲ့တာတွေကို ငါဘာမှမပြောခဲ့ဘူး။ အေ..... ဒီတစ်ခါတော့ နင်ငါ့အပေါ်စိုးမိုးလို့မရဘူး ဖိုးရသ"

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now