Unicode
လအနည်းငယ်ကြာပြီးနောက်
မင်းဧကရာဇ် ဈေးမှ အိမ်သို့စက်ဘီးဖြင့်ပြန်လာခဲ့သည်။ သူပြန်လာသည့် လမ်းတွင် အိမ်တစ်အိမ်ကို အမြဲဖြတ်သွားရသည်။ ထိုအိမ်သည် အရင်က သူအဝင်အထွက်လုပ်ဖူးသည့် အကို၏အိမ်ပင်ဖြစ်သည်။
သူသည် ထိုအိမ်ရှေ့သို့ရောက်သည်နှင့် စက်ဘီးကိုရပ်ကာ ထိုအိမ်သို့ ကြည့်နေတော့သည်။ သူအမြဲပင် ဒီအိမ်ရှေ့ကိုရောက်တိုင်း ဒီတိုင်း ဘာရယ်မဟုတ် အိမ်ကိုမျှော်ကြည့်နေမိသည်။ အရင်က ဒီအိမ်ရှိ မိသားစုလေးသည် အမြဲလိုလို ပျော်စရာတွေနဲ့ပြည့်စုံနေလေသည်။ အခုအခါတော့ ဒီအိမ်ကလေးသည် လူသူမရှိတော့ဘဲ ခြောက်ကပ်နေသည်ပင်။ သူသည် ဒီအိမ်လေးကိုကြည့်တိုင်း လူတစ်ဦးကို အမြဲမျှော်နေမိသည်။ ထိုသူကတော့ စထွက်သွားတဲ့အချိန်ကနေ ယခုထိတစ်ခေါက်တစ်လေတောင်ရောက်မလာတော့ချေ။ သူကသာ ထိုသူကို သတိရနေတာ ထိုသူကရော သူ့အားသတိရနေရဲ့လားလို့ သူတွေးမိသည်။
သူသည် ခေါင်းကို တစ်ချက်မျှခါလိုက်ကာ အတွေးကိုဖြတ်တောက်လိုက်သည်။ ထို့နောက်သူဘည် ထိုအိမ်ရှေ့မှ ပြန်ထွက်လာလိုက်တော့သည်။********************
"မမကြီး"
"ပြောလေ အောင်အောင်"
"မမကြီး တကယ် လူရှေ့ရုပ်လုံးထွက်ပြတော့မလို့လား"
အောင်အောင်၏ မေးခွန်းကြောင့် ခင်မာယာ ပြုံးလိုက်သည်။
"ဒါပေါ့ ထပ်ပြီးပုန်းနေစရာမှမလိုတော့တာ ရှင်းသင့်တဲ့လူတစ်ယောက်ကိုရှင်းပြီးပြီပဲလေ"
"စိတ်ချရတဲ့ အခြေအနေရောက်ပြီးလို့လား မမကြီး တစ်ခုခုမှားတာနဲ့ မမကြီးပဲ ဒုက္ခရောက်မှာနော်"
"လုံးဝကြီး စိတ်ချရတဲ့အခြေအနေမဟုတ်ပေမယ့် ရပါတယ် အခုချိန်သေသေချာချာပြောရဲတာက သူတို့ဆီမှာ အဲ့ဒီအမှုအတွက်သက်သေမရှိတော့ ငါလုပ်ထားတာသိနေရင်တောင် သူတို့ဘာမှလုပ်လို့ရမှာမဟုတ်ဘူး"
"မမကြီး အဆင်ပြေရင်လဲ ပြီးတာပါပဲ ကျွန်တော်က မမကြီးအတွက်စိုးရိမ်လို့ပါ မမကြီးသာ တစ်ခုခုဖြစ်သွားရင် မမလေးတစ်ယောက်ထဲကျန်ခဲ့မှာလေ"
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Action[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်