အပိုင်း ၈

217 17 0
                                    

Unicode

ဒေါ်ခင်မာယာတစ်ယောက် ကျောင်းဆုပေးပွဲမှပြန်ရောက်ရောက်ချင်းပင် သူ(မ)၏အဖေ ဖြစ်သူ ဦးဝဏ္ဏက သူမအားခေါ်သည်ဟု အိမ်အကူတစ်ယောက်မှ သူ(မ)အားဆိုလာသောကြောင့် အဖေဖြစ်သူရှိရာ စာကြည့်ခန်းထဲသို့ ခပ်သွပ်သွပ် လျှောက်သွားလိုက်သည်။

စာကြည့်ခန်းအဝသို့ရောက်သောအခါ သူ(မ)သည် သက်ပြင်းတစ်ချက်ချကာ စာကြည့်ခန်းထဲသို့ဝင်လိုက်သည်။

စာကြည့်ခန်းထဲသို့ရောက်လာသောအခါ အခန်းထဲရှိ sofa ပေါ်တွင် ထိုင်ကာစာအုပ်တစ်အုပ်အားဖတ်နေသော အဖေဖြစ်သူ၊ သူ(မ)အားတွေ့သောအခါ ဖတ်နေသည့်စာအုပ်ကို sofa ရှေ့ရှိစားပွဲပေါ်သို့ချလိုက်သည်။

"လာဘ်မစားတတ်တဲ့ ကျောင်းအုပ်တစ်ယောက်ကို ဘယ်လိုများစည်းရုံးလိုက်တာလဲ"

"အဲ့ဒါက ကျွန်မအတွက် မခက်ခဲပါဘူး အဖေ"

ပြောပြောဆိုဆိုပင် ဒေါ်ခင်မာယာသည် ဦး၀ဏ္ဏ၏ မျက်နှာချင်းဆိုင်တွင်ရှိသော sofa ပေါ်တွင်ဝင်ထိုင်လိုက်သည်။

"အဖေ့ရဲ့သမီးက ဒီလိုအလုပ်မျိုးကိုလွယ်လွယ်ကူကူလုပ်နိုင်တယ်ဆိုတာကို သိပြီးသားပါ....၊ ဒါနဲ့ ဘယ်လိုနည်းနဲ့အောင်မြင်ခဲ့လဲဆိုတာကို သိခွင့်ရှိမလား"

"သိချင်တော့လဲ ပြောပြရတာပေါ့..."

ထိုနေ့တွင် ဦးဝဏ္ဏနဲ့စကားများအပြီး ဦး၀ဏ္ဏပေးလိုက်သော ပိုက်ဆံထုတ်ကိုယူကာ မစိုင်းမကြွပဲ ကျောင်းရှိရာသို့ထွက်လာလိုက်သည်။ ကျောင်းကိုရောက်သည်နှင့် ကျောင်းအုပ်ရုံးခန်းဆီကိုသာ ထွက်လာလိုက်သည်။ ကျောင်းအုပ်ကြီး‌ဒေါ်သိန်းမြသည်လည်း သူ(မ)အားမြင်သည်နှင့် ဖော်ဖော်ရွေရွေဆက်ဆံသည်။

"အော်......ဒေါ်ခင်မာယာပါလား ဘာကိစ္စများရှိလို့လဲမသိဘူး"

ဒေါ်ခင်မာယာသည် ရုံးခန်းရှိ ဧည့်သည်ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး ကျောင်းအုပ်ဒေါ်သိန်းမြသည်လည်း သူ(မ)၏ မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

"ကိစ္စကတော့ ထွေထွေထူးထူးမဟုတ်ပါဘူး၊ ကျွန်မကြောင့် ဆရာမကြီး အနှောက်အယှက်ဖြစ်သွားတယ်နဲ့တူတယ်"

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now