အပိုင်း ၁၁

183 14 0
                                    

Unicode

လရောင်နှင့်ဥက္ကဋ္ဌတို့ ဆေးရုံကိုရောက်သာ်နှင့် ဆေးရုံကောင်တာနားသွားခဲ့ကြသည်။
ဥက္ကဋ္ဌက ကောင်တာမှာရှိသည့် Nurse အားမေးမြန်းကြည့်ရာ သူ၏အမေသည် ခွဲစိတ်ခန်းမှာဖြစ်ကြောင်းသိလိုက်ရသည်။ သူနှင့်ဥက္ကဋ္ဌသည် အချိန်မဆွဲဘဲ ခွဲစိတ်ခန်းရှိရာသို့ ထွက်လာလိုက်ကြသည်။ သူနှင့်ဥက္ကဋ္ဌ ခွဲစိတ်ခန်းရှေ့ရောက်သည်နှင့် ခွဲစိတ်ခန်းထဲမှ ဆရာဝန်တစ်ဦးထွက်လာလေသည်။ ဥက္ကဋ္ဌလဲ ဆရာဝန်နားသွားကာ မေးကြည့်လိုက်လေသည်။

"ဟို..... ဆရာဒီခွဲစိတ်ခန်းထဲက လူနာက ဒီညနေကား Accident ကြောင့်ရောက်လာတဲ့လူနာဟုတ်တယ် မဟုတ်လား ဆရာ"

"အော်..... ဟုတ်ပါတယ် ခင်ဗျားတို့ကလူနာရဲ့ဆွေမျိုးတွေလား"

"ဟုတ်ပါတယ်ဗျ အခုလူနာအခြေအနေက...."

"ကျွန်တော်လို့လဲ စိတ်မကောင်းပါဘူး လူနာကိုတတ်နိုင်သလောက်ကုသခဲ့ပေမယ့် အချိန်မမှီလိုက်ပါဘူး"

"ဗျာ..... ဒါဆိုလူနာက....."

"လူနာ ဆုံးသွားပါပြီး"

ကြားလိုက်ရတဲ့စကားကြောင့် လရောင်သည် ရပ်နေရာကနေ အရုပ်ကြိုးပြတ်သလိုလဲကျသွားတော့သည်။

"လူလေး လရောင်....."

ဥက္ကဋ္ဌလဲသူ့နားလာကာ သူ့အားထူပေးတော့သည်။ ဆရာဝန်သည်လဲသူတို့အနားကထွက်သွားလေသည်။ သူကတော့ ဝမ်းနည်းသင့်စိတ်များကြောင့် မျက်ရည်များကျလာခဲ့သည်။ ဒီအခြေအနေကို သူ့လုံးဝမယုံနိုင်သေး မနက်ကပင်သူနဲ့ပျော်ရွှင်စွာစကားများပြောနေသည့်အမေက ညနေကျတော့ ဆုံးသွားသည်တဲ့။
ထို့နောက်လရောင်သည် အဖေဖြစ်သူကိုလည်းသတိရမိသွားသည်။

"ဒါဆို အဖေကရော အဖေ အဖေကဘာမှမဖြစ်ဘူးမှတ်လား"

"လူလေးလရောင် စိန်ထိန်းပါဦး ဟောဟိုမှာရဲတွေလာပြီး ဦးမေးကြည့်ပေးမယ်နော် သားအဖေ အဆင်ပြေမှာပါ"

ဥက္ကဋ္ဌကသူ့အား နှစ်သိမ့်ပေမယ့်လည်းသူရဲ့စိတ်တွေက အဖေဖြစ်သူပါဘေးကင်းဖို့အတွက်သာ ဆုတောင်းနေတော့သည်။ အမေဖြစ်သူကိုဆုံးရှုံးသွားပြီးဖြစ်သောကြောင့် အဖေဖြစ်သူကိုပါဆုံးရှုံးလိုက်ရလျှင် သူရှုးသွားနိုင်သည်။
ရဲတွေက ဥက္ကဋ္ဌနှင့်လရောင်တို့နား ရောက်လာခဲ့သည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now