Unicode
ကျောင်းကပြန်ရောက်သည်နှင့် မင်းဧကရာဇ်တစ်ယောက် ရေချိုး အဝတ်လဲကာ TV ကြည့်ကာ အနားယူနေလိုက်သည်။ သူ TV ကြည့်တာအချိန်အတော်ကြာပြီးဖြစ်၍ အိမ်နံရံတွင်ကပ်ထားသော နရီအား ကြည့်လိုက်သည်။ ညနေ ၆နာရီခွဲပြီးဖြစ်၍ မင်းဧကရာဇ်သည် သူ၏အခန်းထဲသို့ အမြန်ပြေးဝင်ကာ ကျောင်းစာအုပ်များကို သူ၏ကျောင်းကျောပိုးအိပ်ထဲသို့အမြန်ကောက်ထည့်၍ အိမ်အပြင်သို့ထွက်လာခိုက် အမေဖြစ်သူ၏အသံကြောင့် သူသည်သွားလေရာကနေရပ်လိုက်ရသည်။
"သား.... ဘယ်သွားမို့လဲ"
"ဟို..... သူငယ်ချင်းတစ်ယောက်အိမ်မှာ စာသွားလုပ်မလို့ပါ"
"မင်းအစ်မနဒီတို့နဲ့လဲအတူလုပ်လို့ရတာပဲလေ ဘယ်သူ့ဆီသွားအုံးမလို့လဲ"
"ဟို..... အဲ့ဒါက....."
"သွားပါစေဒေါ်လေးရယ် သူသွားမဲ့အိမ်ကစိတ်ချရပါတယ်"
ကြားလိုက်ရတဲ့ အစ်မနဒီရဲ့စကားကြောင့် မင်းဧကရာဇ်တစ်ယောက် အပျော်ကြီးပျော်သွားရသည်။
"ဘယ်သူ့အိမ်မလို့လဲ သမီးရဲ့"
"သမီးရဲ့သူငယ်ချင်းတစ်ယောက်ဆီကိုပါ ဒေါ်လေးရဲ့ ဟုတ်တယ်မလား မင်းဧကရာဇ်"
"ဟုတ် ဟုတ်တယ် အမေ အစ်မပြောသလိုဘဲ"
"စိတ်ချရတယ်ဆိုရင်လဲ ပြီးတာပါပဲအေ..... အခုကစရောက်တာဆိုလို့ မတော်တရော် တွေနဲ့ပေါင်းမိမှာကြောက်လို့ပါအေ"
"ဟုတ် အမေ ဒါဆိုသားသွားပြီးနော်"
"အေအေ သွားသွား"
အမေဖြစ်သူဆီကခွင့်ပြုချက်ရသည်နှင့် မင်းဧကရာဇ် လဲအိမ်အပြင်သို့အမြန်ပြေးထွက်သွားလေသည်။
နဒီရှင်းတစ်ယောက်လဲ 'ဘာလို့ လရောင်ကိုဒီလောက်တောင်သဲသဲလှုပ်ဖြစ်နေတာလဲမသိဘူး' ဟုစိတ်ထဲကနေသာတွေးနေမိတော့သည်။
အိမ်ကနေ ၅မိနစ်လောက်လမ်းလျှောက်ပြီးသည်နှင့် ခြံတစ်ခြံရှေ့တွင်ရပ်လိုက်သည်။ ခြံစည်းရိုးများမခြတ်ထားသည့် ခြံရဲ့အလယ်တွင် နှစ်ထပ်ပျဉ်ထောင်အိမ်လေးတစ်အိမ်တည်ရှိနေသည်။ အောက်ထပ်ကို အုတ်များဖြင့်ဆောက်ထားပြီး အပေါ်ထပ်ကိုတော့ သစ်သားဖြင့်သာဆောက်ထားသည့် ထိုနှစ်ထပ်အိမ်ကလေး အခြား တိုက်ပု၊တိုက်အိမ်တွေထက်တော့ မလှပေမယ့် သူ့အလှနဲ့သူ့တော့ရှိနေဆဲပင်။ မင်းဧကရာဇ်လဲ ခြံထဲသို့ဝင်လာလိုက်ပြီး အိမ်နားသို့ရောက်သည်နှင့်အိမ်တံခါးကိုဖွင့်လိုက်သည်။ လော့မချထားဘဲ ဒီတိုင်းသာပိတ်ထားသော တံခါးသည် မင်းဧကရာဇ်ဖွင့်လိုက်သည်နှင့်ပွင့်သွားပြီး အိမ်ထဲတွင်တော့ အကိုလရောင်၏ အဖေနဲ့အမေဟုထင်ရသော ဦးလေးတစ်ယောက်နဲ့အဒါ်တစ်ယောက် ထိုင်ခုံပေါ်တွင်ထိုင်ကာ TV ကြည့်နေကြ၍ တံခါးဖွင့်သံကြောင့် သူ့အားကြည့်လာလေသည်။
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Action[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်