အပိုင်း ၁၈

184 17 0
                                    

Unicode

ကျောင်းများဖွင့်ပြီး ဒုတိယမြောက်နေ့ပင်ဖြစ်သည်။ မနက်ပိုင်းကျောင်းခေါင်းလောင်းမထိုးသေသည်မို့ သွားလာနေကြသည့် ကျောင်းသားကျောင်းသူများလဲရှိသလို အတန်းထဲတွင်သာထိုင်နေကြသည့်ကျောင်းသားကျောင်းသူများလဲရှိသည်။

မင်းဧကရာဇ်မှာတော့ မနေ့ညနေက အကြောင်းကိုပြန်၍စဉ်းစားခန်းထုတ်နေလေသည်။

(မနေ့ည‌နေကအချိန်တွင်.....)

မင်းဧကရာဇ်တစ်ယောက် ညနေကျောင်းဆင်းချိန်အိမ်သို့ပြန်လာလေသည်။ အမန‌ဒီနှင့် ထက်ဥက္ကာကတော့ ကျူရှင်ဝိုင်းအားသွားပြီး သူကတော့ ခေါင်းအနည်းကိုက်နေသည်ဟုဆိုကာ ကျူရှင်ဝိုင်းအားမသွားတော့ပေ။ စက်ဘီးအား နင်းလာလိုက်တာ အကို့(လရောင်)ရဲ့ အိမ်‌ရှေ့သို့ ရောက်မှန်းမသိရောက်လာခဲ့သည်။ ထို့နောက် သူ၏အကြည့်များက အကို့၏အိမ်သို့သာ။ ဒါသူ၏ ပုံမှန်လုပ်နေကြ အလုပ်တစ်ခုလိုပင် ဖြစ်နေပြီးပင်။ အကို့အိမ်ရှေ့ကိုဖြတ်သွားတိုင်း အိမ်အားအမြဲပင်ကြည့်နေမိသည်။ ကြည့်တိုင်းလဲ လွမ်းစွတ်နေသည့်ခံစားချက်အား ရစမြဲပင်။ ထိုလွမ်းစွတ်မှုသည် သူငယ်ချင်းတစ်ယောက်အပေါ်ထားသည့်ခံစားချက်လို့သာ ခံယူထားလေသည်။ သို့သော်လည်း သူအကို့အပေါ် ဘယ်လိုခံစားချက်မျိုးရှိနေသလဲဆိုတာ သူကိုယ်တိုင်လဲမသိပေ။

သူအိမ်ကိုကြည့်နေစဉ်အတွင်းမှာပဲ အိမ်အပေါ်ထပ် အရှေ့ပြတင်းပေါက်မှ လူတစ်ယောက်ဖြတ်သွားသည်ကို အမှတ်မထင်တွေ့လိုက်ရသည်။ အမြင်များမှားသလားဟုထင်ကာ သူ၏မျက်လုံးအား လက်ဖြင့်ပွတ်ပြီးမှ နောက်တစ်ခါထပ်ကြည့်မိသည်။ထိုပြတင်းပေါက်ကနေပဲ နောက်တစ်ခါ လူတစ်ယောက်ထပ်ဖြတ်သွားပြန်သည်။ သူကြက်သီးများ အနည်းငယ်ထလာသလိုပင်။ နဂိုကတည်းက သရဲဆိုရင် အသေကြောက်တတ်တဲ့သူမို့ ထိုမြင်ကွင်းက သူ့အတွက်ကြောက်စရာအပြည့်။

"လူတစ်ယောက်လား မဖြစ်နိုင်တာ အကိုတို့အိမ်မှာ လူမှမနေတော့တာကို ဒါမှမဟုတ် ငါထင်သလို.........."

သူသည် ဘာမှမစဉ်းစားနေတော့ဘဲ စက်ဘီးပေါ်သို့ အမြန်တက်ကာ ဝေးရာသို့ လျင်မြန်စွာနင်းသွားလိုက်လေတော့သည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now