Unicode
ခင်မာယာသည် တစ်စုံတစ်ခုကို လွန်ကဲစွာတွေးတောနေလေသည်။ သူ(မ)သည် အလုပ်စားပွဲတွင်ထိုင်နေပေမဲ့ သူ(မ)၏စိတ်တွေကတော့အလုပ်ထဲမှာရှိမနေပေ။ သူ(မ)၏စိတ်တွေသည် သူ(မ)အားခြိမ်းခြောက်သွားသည့် J ဆိုသည့်လူဆီမှာပင်။
J ၏ဖုန်းနံပါတ်ကို ခြေရာခံဖို့ အောင်အောင်အားခိုင်းထားသည်မှာ ဒီနေ့နဲ့ဆိုရင် သုံးရက်ပင်ရှိနေပြီးဖြစ်သည်။ အောင်အောင်ဆီကနေတော့ သူ(မ)အားအကြောင်းပြန်ခြင်းတစ်စုံတစ်ရာမရှိသေးပေ။
ခဏအကြာ အောင်အောင်သည် သူ(မ)၏ရုံးခန်းထဲသို့ဝင်လာလေသည်။"မမကြီး"
"အောင်အောင် ခြေရာခံတာ ဘာထူးခြားလဲ"
အောင်အောင်လဲ သူ(မ)အားခေါင်းခါပြလေသည်။ ပြီးနောက်......
"လုံးဝကို ခြေရာခံလို့မရဘူး မမကြီး၊ သူတို့က မမကြီးဒီလိုလုပ်မယ်ဆိုတာ တွေးမိလို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်နိုင်တယ်၊ ကျွန်တော် ထပ်ခေါက်ထပ်ခါ လုပ်ကြည့်တယ် လုံးဝကို ခြေရာခံလို့မရတာ"
သူ(မ)လဲ ညာဘက်လက် လက်မ၏ လက်သည်းတွေကို ကိုက်နေမိသည်။ ဒီအပြုအမူဟာလဲခြေ သူ(မ)စိုးရိမ်စိတ်များနေချိန်တွင် လုပ်မိတတ်သည့် အကျင့်တစ်ခုပင်ဖြစ်သည်။
"ဒါဆို ငါတို့ဘာဆက်လုပ်ကြမှာလဲ အောင်အောင်၊ သူသာငါ့အတိတ်ကြအကြောင်းတွေကိုဖွလိုက်ရင် ငါတော့သွားပြီး"
"အဲ့လောက်ကြီးလဲ စိတ်မပူပါနဲ့မမကြီး၊ ကျွန်တော်အထင် သူချက်ချင်းကြီးတော့မလုပ်လောက်ပါဘူး"
သူ(မ)လဲ နားမလည်သည့် အကြည့်ဖြင့် အောင်အောင်အားကြည့်လိုက်သည်။
"ဘာကြောင့် အဲ့လိုပြောနိုင်တာလဲ"
"မမကြီးပဲ စဉ်းစားကြည့်၊ သူက မမကြီးကို တကယ်နာမည်ဖျက်ချင်ရင် သူကတော့ကတည်းက မမကြီးအကြောင်းကိုဖွလိုက်ပြီးပေါ့၊ သူကမမကြီးဆီကနေ တစ်ခုခုလိုချင်လို့လဲ ဖြစ်နိုင်တာပဲ"
အောင်အောင်၏စကားကြောင့် သူ(မ)လဲသေချာပြန်စဉ်းစားမိသွားသည်။ J ဆိုသည့်လူက သူ(မ)ကိုတကယ်နာမည်ဖျက်ချင်ရင် သူ(မ)ဆီကိုတောင်ဖုန်းဆက်နေမှာမဟုတ်၊ သူ(မ)၏အကြောင်းကိုသိပြီးပြီချင်း ချက်ချင်းဖွလိုက်မှာဖြစ်သည်။ J ဆိုသည့်လူက သူ(မ)ဆီကနေ တစ်ခုခုလိုချင်နေတာဖြစ်မည်။
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
حركة (أكشن)[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်