Unicode
ညနေကျောင်းဆင်းချိန်ရောက်၍ ကျောင်းသားကျောင်းသူ အားလုံးလဲအိမ်သို့အရင်ပြန်သူကပြန် ကျူရှင်အရင်သွားသူတွေကသွားနေကြပြီးဖြစ်သည်။ လရောင်တို့အဖွဲ့မှာတော့ နဒီနဲ့ ထက်ဥက္ကာ သာကျူရှင်နေပြီး လရောင်ကတော့ကျူရှင်မနေပါ။ အဖေနဲ့ အမေတို့ကတော့ သူ့အား ကျူရှင်နေရန်တိုက်တွန်းသော်လည်း အခုချိန်ထိစာကို ကောင်းကောင်းလိုက်နိုင်တာကြောင့် ငြင်းဆန်ခဲ့သည်။ ကျူရှင်လခတွေကြောင့် အဖေနဲ့အမေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်တဲ့ အကြောင်းပြချက်ကလဲ သူကျူရှင်မနေချင်သည့် အချက်တွေထဲကတစ်ချက်ပင်။
လရောင်တို့သည်လည်း ကျောင်းဆင်းခေါင်းလောင်ထိုးပြီးသည်နှင့် စက်ဘီးထားတဲ့နေရာမှာ စက်ဘီးယူရန်ထွက်လာခဲ့သည်။ လရောင်နဲ့ ထက်ဥက္ကာ ကိုယ့်စက်ဘီးကိုယ့်ထုပ်ပြီးသည်နှင့် ကျောင်းဝန်းထဲတွင် စက်ဘီးနင်းခွင့်မရှိသော်ကြောင့် စက်ဘီးကိုကျောင်းအပြင်သို့ရောက်သည်ထိတွန်းလာလိုက်သည်။ ကျောင်းအပြင်တို့ရောက်သည်နှင့် စက်ဘီးအားနင်းဖို့ပြင်လိုက်စဉ် မင်းဧရာဇ်တစ်ယောက် လရောင်တို့၏အနားသို့ရောက်လာလေသည်။
"အစ်မ နဒီနဲ့ အစ်ကိုတို့က စက်ဘီးနဲ့ပြန်မို့လား"
"စက်ဘီးတွေရှိနေမှတော့ စက်ဘီးနဲ့ပြန်မှာပေါ့" လို့ ပေါက်တကရလာမေးနေတဲ့ မင်းဧကရဇ်အား နဒီပြန်ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော်ရောလိုက်လို့ရလား"
နဒီ လရောင်နဲ့ ထက်ဥက္ကာလဲတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။
"လိုက်တာတော့ လိုက်လို့ရပါတယ် ဒါပေမယ့် ငါနဲ့ထက်ဥက္ကာက တစ်စီးဆိုတော့ လရောင်ကနင့် ခန္ဓာကိုယ်ကြီးကိုတင်လို့နိုင်ပါ့မလား"
"အစ်ကိုလရောင် ကျွန်တော်ကိုမတင်နိုင်လဲ ကျွန်တော် အစ်ကို့ကိုတင်သွားမယ်လေ"
"မင်းက စက်ဘီးရောနင်းတက်လို့လား" လို့ လရောင်သည် စိုးရိမ်၍ မေးလိုက်မိသည်။
"ကျွန်တော် ရန်ကုန်မှာနေကတည်းက စက်ဘီးကနင်းနေကြပဲလေ"
"ဒါဆို မင်းနင်း ငါစီးမယ်"
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Azione[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်