အပိုင်း ၉

210 14 0
                                    

Unicode

ညဘက်တွင် လရောင်တစ်ယောက်စာလုပ်နေရင်း ပျင်းလာ၍ ဘေးနားရှိဖုန်းအားကောက်ကိုင်လိုက်လေသည်။ အင်တာနက် ဖွင့်ပြီးသည်နှင့် messenger ထဲဝင်ကာ တစ်ခုထဲရှိသော group chat ကိုကြည့်လိုက်သည်။
ယခင်က group chat တွင် သူ၊ နဒီ နှင့် ထက်ဥက္ကာ သုံးယောက်သာရှိပြီး ယခုတော့ မင်းဧကရာဇ်တစ်ယောက်ပါ‌ရှိနေပြီးဖြစ်သည်။

နဒီ💬 'ဟဲ့နင်တို့တွေ သင်္ချာပြီးသွားကြပြီးလား၊ ပြီးရင်လဲ ငါ့ကိုပြကြအုံး ငါဘာမှကိုနားမလည်ဘူး 🤧'

ထက်ဥက္ကာ💬 'ထပ်တူပါပဲ သူငယ်ချင်းရေ ငါလဲဘာမှမရဘူး မင်းဧကရာဇ်ရော'

မင်းဧကရာဇ်💬 'အစ်ကိုတို့ အစ်မတို့တောင်မရတာ ကျွန်တော်ဆိုပိုဆိုးပြီးပေါ့ အိမ်စာပေးလိုက်တဲ့အပုဒ်က ဘယ်အပုဒ်မှန်းတောင်မသိဘူး'

နဒီ💬 'လရောင် နင်ရောပြီးပြီလား'

လရောင်💬 'အေ ပြီးသွားပြီ'

နဒီ💬 'ဟယ် လရောင်သူငယ်ချင်း 😍 ငါ့တို့ကိုဓာတ်ပုံလေးရိုက်ပြီးပို့လာပေးနော် မနက်ဖြန်မှမပြီးရင် သင်္ချာဆရာမက ငါ့တို့ကိုသတ်တော့မှာ နော် သူငယ်ချင်း'

လရောင်💬 'အေအေ ပို့ပေးလိုက်မယ် တကယ်ပါဘဲ'

ဆရာမပေးလိုက်သော သင်္ချာအိမ်စာကို ဓာတ်ပုံရိုက်ကာ group chat မှာပဲပို့ပေးလိုက်သည်။ သူကတော့ သင်္ချာအိမ်စာကိုအစောကြီးပြီးနေတာဖြစ်သည်။ သူတို့ကျောင်းတွင် အထက်တန်းပြသင်္ချာဆရာမဆိုရင် တစ်ကျောင်းလုံးရှိကျောင်းသားကျောင်းသူ အားလုံးကြောက်ကြသည့် ဆရာမဖြစ်သည်။ မနက်ကသင်္ချာချိန်တွင် အိမ်စာပေးလိုက်ကာ မပြီးသူ နှစ်လုံးကြိမ်လုံးဖြင့်ရိုက်မည်ဟု ဆိုထားလေသည်။ ထို့ကြောင့် မနက်ဖြန်ဆို သင်္ချာမပြီးသူရှိမည်လို့ကိုမထင်။

တီ........

notice သံကြောင့် သူဖုန်းကိုကိုင်လိုက်ကာ မည်သူစာပို့ထားကြောင်း ကြည့်လိုက်လေသည်။

မင်းဧကရာဇ်💬 'အကို ကျွန်တော် အကို့အိမ်ရှေ့ရောက်နေတယ်'

လရောင်💬 'ဒီအချိန်ကြီးကို ဘာလုပ်ဖို့လဲ'

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now