Unicode
"ဆရာမ..... ဆရာမအတွက် နှင်းဆီပန်း"
"ကျေးဇူးပါ သမီးရေ"
သူ(မ)ကမ်းပေးလာသော နှင်းဆီပန်းများအား နမ်းရှိုက်ရင်းပြုံးနေသော ဆရာမဒေါ်ခင်ခင်ငြိမ်း အား ပန်းဝတ်မှုံသေချာလေးကြည့်နေမိသည်။ အသက် ၄၀ကျော်ဟုမထင်ရအောင် နုပျိုနေသော ဆရာမသည် အလှအပ၊ ပညာအရည်အချင်း ကအစ သူ(မ)အားကျရသောသူပင်ဖြစ်သည်။ ဆရာမသည် အထက်တန်းပြဆရာမတစ်ယောက်တော့မဟုတ်၊ အလယ်ပြတစ်ဦးသာဖြစ်ပြီး မနှစ်က သူ(မ)တို့၏အတန်းဖြစ်သော ဆဠမတန်း(A)၏ အတန်းပိုင်တစ်ဦးလဲဖြစ်သည်။
"ဒါဆို ဆရာမ သမီးကိုခွင့်ပြုပါအုံး"
"ခဏလေး သမီး"
"ဆရာမ ဘာခိုင်းစရာရှိလို့လဲ"
ဆရာမဒေါ်ခင်ခင်ငြိမ်းသည် သူ(မ)၏ လက်စွဲအိတ်လေးထဲကနေ စာရင်းစာအုပ်တစ်အုပ်အား ထုပ်၍ပေးလာသည်။
"သမီး အခုအတန်းပြန်မှာ မဟုတ်လား"
"ဟုတ်.... ဆရာမ"
"ဒါဆို ဒါလေးကို ဆရာမကြီးဆီတစ်ချက်သွားပေးပေးပါလား သမီး ဆရာမက အသင်းကျတာဆိုတော့ အပ်ရမည့်အချိန်နောက်ကျသွားမှာဆိုးလို့ သမီးကလဲ လမ်းကျုံနေတော့"
"ဟုတ် ဆရာမ သမီးယူသွားပေးပါ့မယ်"
"ကျေးဇူးပါ သမီး"
"ဟုတ် ဒါဆိုသမီးသွားတော့မယ်နော်"
ဆရာမက သူ(မ)အား ခေါင်းငြိမ့်ပြသဖြင့် သူ(မ)လဲထိုနေရာကနေ ထွက်လာလိုက်သည်။ အလယ်တန်းပြဆရာ/မ တွေရဲ့နားနေခန်းနဲ့ ကျောင်းအုပ်ကြီးရုံးခန်းက နည်းနည်းတော့လှမ်းသည်။ အဲ့ဒါကြောင့် ဆရာမက လမ်းကျုံသော သူ(မ)အားအကူအညီတောင်းတာပင်ဖြစ်ပေလိမ့်မည်။
သူ(မ) ကျောင်းအုပ်ရုံးခန်းသို့သွားဖို့ လှေကားဆင့်ရောက်တွင် သူ(မ)၏စပ်စုချင်သည့်စိတ်က သူ(မ)အပေါ်လွမ်းမိုးလာသည်။ ဤစာရင်းများသည် ဘာစာရင်းများဖြစ်မည်နည်း။ သိချင်တဲ့စိတ်များသည် တဖွားဖွားဖြစ်ပေါ်လာသည်။ စိတ်မထိန်းနိုင်တော့သည့်အဆုံး သူ(မ)သည် စာရင်းအားဖွင့်ကြည့်လိုက်သည်။
ထွေထွေထူးထူး ဘာမှမဟုတ်ပေ။ မနှစ်က ဆဠမတန်းကျောင်းသား/သူ တွေရဲ့အမှတ်စာရင်းပင်ဖြစ်သည်။ ထို့နောက် သူ(မ)သည်ဆက်မကြည့်ချင်တော့တဲ့အတွက် စာရင်းအားပြန်ပိတ်လိုက်သည့်အချိန် စာရင်းထဲကနေ သာမာန်စာရွက်လေးတစ်ရွက် ကြမ်းပြင်သို့ကျသွားလေသည်။ သူ(မ)လဲပြန်ကောက်၍ စာရွက်အားကြည့်လိုက်သည်။
*၂၀၁၄-၂၀၁၅ ပညာသင်နှစ် ဆဠမတန်းတွင် ဆုရှိသောကျောင်းသား/သူများ* ဆိုသည့်ခေါင်းစဉ်နဲ့ အောက်တွင် ကျောင်းသား/သူ နာမည်များနှင့် သူတို့ရရှိသည့်ဆုတွေအားရေးထားလေသည်။ အဲ့ဒီရေးထားသည့်နာမည်တွေထဲကမှ သူ(မ)ပထမဆုံးမြင်ရည့်နာမည်က.....
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Acción[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်