အပိုင်း ၂၄

203 16 2
                                    

Unicode

ယခု သူ(ပြည့်လျှံ)နဲ့ကိုမျိုး ဒီနယ်မြို့လေးရှိ တစ်ခုတည်းနဲ့အကောင်းဆုံးဖြစ်သော ပန်းမာယာ စိန်ရွှေရတနာဆိုင်ရှေ့သို့ရောက်နေကြခြင်းဖြစ်သည်။ ကိုမျိုးရဲ့ ကူညီပေးမှုကြောင့် ဒေါ်ခင်မာယာက သူ့ဆိုင်ရဲ့ ရုံးခန်းမှာသာ အရောင်းအဝယ်လုပ်ဖို့ ချိန်းခဲ့သည်။ သူသည်ဆိုင်အား စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်လေသည်။
လူတွေကတော့ ဒေါ်ခင်မာယာက အောက်ခြေကနေစပြီးကြိုးစားခဲ့လို့ အခုလိုအချိန်မှာ အောင်မြင်နေတယ်လို့သာမြင်ကြလေသည်။ တကယ်တမ်းကျ အောက်ခြေကနေကြိုးစားခဲ့တာမဟုတ်ဘဲ သူတို့မိသားစုဆီမှ ခိုးယူခဲ့သည့်ငွေကြေးတွေကြောင့် အောင်မြင်နေတာကို လူတွေမသိကြချေ။ အခုအဲ့ဒီအမှန်တရားတွေကို ဖော်ထုတ်ဖို့အတွက် သူဒီကိုရောက်နေပြီးဖြစ်သည်။ ဒီအချိန်၊ ဒီနေရာကနေစပြီး သူနဲ့ဒေါ်ခင်မာယာတို့ရဲ့ တိုက်ပွဲစတင်ပြီးဖြစ်သည်။

"လာ အထဲဝင်ရအောင် ပြည့်လျှံ မခင်စောင့်နေရလိမ့်မယ်"

သူလဲ ကိုမျိုးအား ပြုံး၍ခေါင်းသာငြိမ့်ပြလိုက်သည်။ ကိုမျိုးကတော့ ရှေ့ကနေဦးဆောင်ကာ ဆိုင်ထဲသို့ဝင်သွားလေပြီးဖြစ်သည်။ သူလဲ ကိုမျိုးနောက်ကနေ လိုက်သွားခဲ့လိုက်သည်။
ဆိုင်ထဲသို့ရောက်သည်နှင့် ကိုမျိုးက ဆိုင်ဝန်တမ်းတစ်ယောက်အား လာရင်းကိစ္စကိုပြောပြလိုက်သည်။ ဒေါ်ခင်မာယာက ဆိုင်ဝန်တမ်းတွေအား ကြိုပြောထားသည့်ပုံပင်။ ဆိုင်ဝန်တမ်းကောင်မလေးက ဒေါ်ခင်မာယာ၏ရုံးခန်းသို့ လိုက်ပို့ပေးမယ်ဟုဆိုကာ သူ့နောက်ကိုလိုက်လာခိုင်းလေသည်။ သူနှင့်ကိုမျိုးလဲ ထိုကောင်မလေးနောက်သို့သာ လိုက်သွားကြလေသည်။
အခန်းတစ်ခန်းရှေ့တွင် ထိုကောင်မလေးကရပ်လိုက်တာကြောင့် သူနှင့်ကိုမျိုးလဲလိုက်ရပ်မိသည်။ ထို့နောက် ကောင်မလေးက အခန်းတံခါးကိုခေါက်လိုက်သည်။

~ဒေါက်ဒေါက်ဒေါက်~

"မမကြီး မမကြီးပြောတဲ့ဧည့်သည်တွေရောက်ပါပြီး"

"အေ ဝင်လာခိုင်းလိုက်"

"ဟုတ် မမကြီး"

ဒေါ်ခင်မာယာ၏စကားဆုံးသည်နှင့် ဆိုင်ဝန်တမ်းကောင်မလေးက သူတို့နှစ်ယောက်ကိုကြည့်လာလေသည်။ ကိုမျိုးက ဆိုင်ဝန်တမ်းကောင်မလေးကို ခေါင်းငြိမ့်ပြလိုက်ပြီး ဆိုင်ဝန်တမ်းကောင်မလေးသည်လဲ သူတို့နားမှထွက်သွားတော့သည်။
သူနဲ့ကိုမျိုးလဲ အခန်းထဲသို့ဝင်သွားလိုက်သည်။ အခန်းထဲတွင်တော့ sofa ပေါ်တွင်ထိုင်လျက်ရှိနေသော ဒေါ်ခင်မာယာနှင့် သူ(မ)၏နောက်ဘေးဘက်တွင်ရှိနေသော မျက်မှန်အဝိုင်းနှင့်တောင့်တောင့်ဖြောင့်ဖြောင့်လူငယ်တစ်ဦးကိုပါ အခန့်သားတွေ့လိုက်ရသည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now