အပိုင်း ၂၃

222 18 1
                                    

Unicode

"ငါတို့ ဒီနှစ်နင်နဲ့အတူ ကျောင်းမတက်ရတော့ဘူးလို့ထင်နေတာ"

နဒီက လရောင်၏လက်ကို သူ(မ)လက်နှင့်ချိတ်ကာ လမ်းလျှောက်ရင်းပြောလာလေသည်။ လရောင်လဲ ဘာစကားမှ ပြန်မဆိုမိဘဲ ပြုံးမြဲပြုံးနေလေသည်။ ‌
မင်းဧကရာဇ်ကတော့ လရောင်ဆီမှ အကြည့်များမခွာနိုင်ပေ။ ထိုအချင်းအရာကိုလဲ ထက်ဥက္ကာတစ်ယောက် သတိထားမိလေသည်။ ထက်ဥက္ကာလဲ လရောင်ကိုသာကြည့်နေသည့် မင်းဧကရာဇ်အား ကြည့်ကာ အတွေးတွေကိုနယ်ချဲ့နေတော့သည်။

'လရောင်နဲ့ ဟိုကောင်မင်းဧကရာဇ်နဲ့က ဘာတွေလဲ။ ဟိုကောင်ကလဲ လရောင်ဆီကိုပဲ ကြည့်နေတာ။ ဒါမှမဟုတ် သူတို့နှစ်ယောက်က ငါထင်ထားသလိုများ........ မဖြစ်နိုင်ပါဘူး ဟုတ်တယ် အဲ့ဒါတော့မဖြစ်နိုင်လောက်ဘူး။ လရောင်က ပြန်ရောက်တာတောင်မကြာသေးတာကို ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့နှစ်ယောက်က ရိုးရိုးသားသားပဲ ငါကသာ အ‌တွေးတွေလွန်နေတာ ဟုတ်တယ် အတွေးလွန်နေတာ'

ထက်ဥက္ကာလဲ အတွေးတွေကိုရပ်ကာ အရှေ့က သုံးယောက်ကို မှီအောင် အမြန်လိုက်ရတော့သည်။

လေးယောက်သားအတူ ကျောင်းဝန်းအပြင်သို့လျှောက်လှမ်းလာခဲ့ကြသည်။
ကျောင်းဝန်းအပြင်သို့ ရောက်ရောက်ချင်းပင် ကားလမ်းတစ်ဘက်ခြမ်းမှာ နဒီတစ်ယောက် ယောင်္ကျားကြီးတစ်‌ဦးနှင့် စကားပြောနေသည့် ပန်းဝတ်မှုံအားတွေ့လိုက်ရသောကြောင့် သူ(မ)၏ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။ သူ(မ)ရပ်လိုက်သည်နှင့် ကျန်သုံးယောက်မှာလဲ ပြိုင်တူရပ်လိုက်ကြသည်။

"ဟဲ့ အဲ့ဒါပန်းဝတ်မှုံမဟုတ်လား"

သူ(မ)လက်ညိုးထိုးပြကာ မေးလာသောကြောင့် ကျန်သုံးယောက်မှာ သူ(မ)လက်ညိုးထိုးပြရာကိုကြည့်လိုက်ကြသည်။

"ဟုတ်တယ်လေ ဘာဖြစ်လို့လဲ"

ထက်ဥက္ကာရဲ့ စကားကြောင့် သူ(မ)လဲ ခေါင်းကိုခါလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ဒါနဲ့အဲ့ဒီလူက ဘယ်သူလဲ ကြည့်ရတာ သူ့အကိုလိုလို ဘာလိုလိုနဲ့"

"သူ့အကို မဟုတ်ဘူး သူ့အဖေ"

"အဖေ!!!" "အဖေ!!!" "အဖေ!!!"

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now