အပိုင်း ၂၁

178 15 0
                                    

Unicode

အရှေ့တွင် ဆရာမက စာသင်နေပေမဲ့ မင်းဧကရာဇ်ကတော့ သင်နေသည့်စာအား အာရုံမစိုက်နိုင်ပေ။ ဒီနေ့ အကိုက ကျောင်းလာအပ်မည်ဟု သူ့အားပြောထားသောကြောင့် သူ့အပြင်ကိုသာ အာရုံရောက်နေမိသည်။ စာသင်ချိန် တစ်ချိန်ကုန်ပြီး နောက်ဆရာမတစ်ယောက် ထပ်ဝင်လာပေမယ့် အကို့အား အခုချိန်ထိမမြင်ရသေးသဖြင့် သူစိတ်မအေးနိုင်သေးပေ။ ကျောင်းအပ်ဖို့ ကျောင်းအုပ်ကြီး ရုံးခန်းသို့သွားရန် သူတို့အတန်းရှေ့ကနေ ဖြတ်ရမည်ဖြစ်တာကြောင့် သေချာပေါက် အကိုကို့ သူတွေ့နိုင်သည်။

"မင်းဧကရာဇ် မင်းဧကရာဇ်"

အပြင်သို့သာ အာရုံရောက်နေသဖြင့် ထက်ဥက္ကာ၏ ခေါ်သံကို သူသတိမထားမိပေ။ သူ့အား ထက်ဥက္ကာက ပခုံးလာလှုပ်တော့မှ သူလဲ သတိပြန်ကပ်လာလေသည်။

"ဟွန်း....... ဘာကြီးလဲ"

"ဘာကြီးလဲ လုပ်မနေနဲ့ မင်းအပြင်ကိုပဲကြည့်နေတာ အပြင်မှာဘာရှိနေလို့လဲ"

"ဘာမှမဟုတ်ပါဘူး ဒီတိုင်း စာကိုအာရုံမရောက်လို့ ဟိုကြည့်ဒီကြည့်ပါ"

"မင်းမို့လို့ အင်္ဂလိပ်ဆရာမအချိန်မှာမှ စာကိုအာရုံမ‌ရောက်ရဲတာ၊ သူက သူစာသင်နေချိန် စာကိုကြည့်နေတာပဲ ကြိုက်တာကို မင်းလဲသိတာပဲကို"

"သိပါတယ် အမောင်ဥက္ကာရယ်........."

"ဟိုနှစ်ကောင်.......!!"

ရုတ်တရက်ထွက်လာသော ဆရာမ၏အသံကြောင့် သူရော ထက်ဥက္ကာပါ ငြိမ်သက်သွားကြသည်။ သူနှင့် ထက်ဥက္ကာ အရှေ့သို့လှည့်ကြည့်လိုက်ချိန်မှာတော့ လက်တစ်ထက်ကို ခါးထောက်လျက် ကျန်လက်တစ်ဖက်ကို စာအုပ်ကိုင်ကာ သူတို့နှစ်ယောက်အား ကြည့်နေသည့် အင်္ဂလိပ်ဆရာမအား တွေ့လိုက်ရသဖြင့် နှစ်ယောက်သား ပို၍ထိပ့်လန့်လာသည်။

"ဆရာမတစ်ယောက်လုံး အရှေ့မှာစာသင်နေတာတောင် စကားကိုလှပြောနေတယ်ဆိုတော့ ဘာတိုးတက်ရာတိုးတက်ကြောင်းများပြောနေကြတာလဲ။ ကျွန်မကိုလဲ နည်းနည်းလောက်ပြောပြပါအုံး"

သူနှင့် ထက်ဥက္ကာက ဘာအသံမှထွက်မလာတော့ဘဲ ဆရာမအား ခေါင်းသာခါပြလိုက်သည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now