အပိုင်း ၁၉

182 15 0
                                    

Unicode

အစ်မနဒီနဲ့ ထက်ဥက္ကာကတော့ ယနေ့သူတို့၏အသင်းကျရာနေ့မို့ ကျောင်းသို့အစောကြီးသွားကြပြီးဖြစ်သည်။ သူကတော့ ၈နာရီကျော်ကျော်မှ ကျောင်းသို့သွားဖြစ်သည်။ ယခုလဲ သူတစ်ယောက်ထဲသာ စက်ဘီးဖြင့် ကျောင်းသို့ချီတက်နေရသည်။
ကျောင်းကိုရောက်၍ စက်ဘီးများထားသည့်နေရာတွင် သူ၏စက်ဘီးအားထားလိုက်ကာ အခန်းရှိရာသို့ချီတက်ရပြန်သည်။ လမ်းလျှောက်နေစဉ်တစ်လျှောက်လဲ တချို့ကျောင်းသားကျောင်းသူများက သူ့အားမသိမသာလေးကြည့်နေကြသည်ကို သူသတိထားမိပါသည်။ တချို့က ယခင်ကလဲ သူ့အားကြည့်ကြပေမယ့် ယနေ့ကြည့်နေကြတဲ့အကြည့်တွေကိုတော့ သူ၏စိတ်ထဲတွင် ခံစားမှုက တစ်မျိုးဖြစ်နေလေသည်။ သူလဲ ဘာကိုမှဂရုမစိုက်တော့ဘဲ အခန်းရှိရာကိုသာ မြန်မြန်လေးရောက်အောင်သွားမိသည်။

နဒီတစ်ယောက် လမ်းကိုခက်သွက်သွက်လျှောက်နေသည့် ဝမ်းကွဲမောင်ဖြစ်သူအား အမှတ်မထင်တွေ့လိုက်သည်။ ယနေ့က သူ(မ)၏အသင်းကျရာနေမို့ အမှိုက်ကောက်နေခြင်းပင်။ သူ(မ)လဲ ဝမ်းကွဲမောင်ဖြစ်သူအား အကြည့်လွဲလိုက်ကာ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေလိုက်သည်။ အလုပ်ပြီး၍ အခန်းကိုပြန်ဖို့လုပ်နေစဉ်အတွင်းမှာပင် အနားရှိ ကျောင်းသူတချို့၏ စကားဝိုင်းက စကားသံများကြောင့် သူ(မ)ထိုစကားဝိုင်းဆီသို့ နားစွင့်ထားမိသည်။

"ဟဲ့ကောင်မတွေ နင်တို့သိပြီးပြီလား၊ ၁၀ တန်း A အခန်းက ကိုကြီးမင်းဧကရာဇ်နဲ့ မမပန်းဝတ်မှုံတို့ကလေ တွဲနေကြပြီးတဲ့"

"ဟဲ့နင့်ဟာက သေရောသေချာလို့လား"

"အမလေး...... သေချာလား မသေချာလားတော့မသိဘူး တစ်ကျောင်းလုံးက ကောင်တွေ ကောင်မတွေ အကုန်လုံးနီးပါး ဒီအကြောင်းတွေပဲပြောနေကြတာ တချို့ကောင်တွေဆိုရင်လေ ကိုကြီးမင်းဧကရာဇ်ကို စိန်ခေါ်ဖို့အတွက်တောင် ပြင်ဆင်နေကြတာ"

"ဟယ် အဲ့လောက်တောင်လား"

"အေဆို ဒီကိစ္စကိုလေ သူတို့ ၁၀ တန်း A အခန်းကဇိုးကောင်သာသိသွားရင်တော့မလွယ်ဘူး"

"ဇိုးကောင်ဆိုတော့ ဟို..... ကိုဖိုးရသကို ပြောတာလား"

"အေလေ...... သူသာသိသွားရင်တော့ ငါ့ရဲ့ကိုကြီး မင်းဧကရာဇ်အစားရင်လေးတယ်ဟယ်"

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now