အပိုင်း ၂၂

212 20 0
                                    

Unicode

နေသူရိန် ကားကို မိနစ်အနည်းငယ်လောက်မောင်းလာပြီးနောက် ကျောင်းရှေ့သို့ရောက်လာပြီးဖြစ်သည်။ ထို့နောက် ကားကိုမပြင်၌ချန်ခဲ့ပြီး ကျောင်းဝန်းထဲသို့ အပြေးဝင်လာတော့သည်။ သို့သော် ကျောင်းဝန်းထဲရောက်သည်မှ သူစဉ်းစားမိသည်မှာ သူသည် သမီးဖြစ်သူက ဘယ်စာသင်ခန်းမှာလဲ ဆိုတာကို သူမသိခြင်းပင်။ ထို့ကြောင့် သူသည် ရှေ့သို့ထက်မသွားဘဲ ဒီတိုင်းလေးရပ်နေမိသည်။
ဒီတိုင်းလေးသာရပ်နေပြီး ခဏအကြာမှာတော့ ကျောင်းသားတစ်ယောက်က သူ့အားပြေးတိုက်မိတော့သည်။ ထိုကျောင်းသား သူ့အားပြေးတိုက်သည့် အရှိန်က မနည်းသည်မို့ သူရော ထိုကျောင်းသားလေးပါ လဲကျသွားတော့သည်။

"တောင်းပန်ပါတယ်နော် အကို ကျွန်တော်မမြင်လိုက်မိလို့ပါ"

ထိုကျောင်းသားလေးမှာ ပြောရင်းပင် ချက်ချင်း ကုန်းထကာ သူ့အားလာဆွဲထူတော့သည်။

"ရပါတယ် ကိစ္စမရှိပါဘူး"

ထိုကောင်လေးကတော့ ‌လမ်းပေါ်သို့ကျနေသည့် သူရဲ့စာအုပ်တွေကို ကောက်နေပြီးဖြစ်သည်။ သူလဲ ထိုကောင်လေးအားကြည့်ပြီး သူရဲ့ခြေထောက်အောက်သို့ ငုတ်ကြည့်ရာမှ သူ၏‌ခြေထောက်နားတွင်စာအုပ်တစ်အုပ်ကရှိနေလေသည်။ သူလဲ ထိုစာအုပ်အား ကောက်ယူပြီးကြည့်လိုက်သည်။
'မောင်လရောင်
ဒသမတန်း(က)
မြန်မာစာ(လေ့ကျင့်ခန်း)'
ဟုစာအုပ်ပေါ်တွင် ရေးထိုးထားပေမယ့် သူကတော့ 'မောင်လရောင်' ဆိုသည့်နာမည်လေးကိုသာ စိုက်ကြည့်နေမိသည်။ ကြည့်နေရင်းမှာလဲ ပြန်လည်ကြားယောင်လာသော အရင်အချိန်လေးက ချစ်ရသူလေး၏ စကားသံကိုပင်။

"ကျွန်တော်လေ ပထမဆုံးရလာတဲ့ ကျွန်တော့် ရင်သွေးလေးကို နာမည်ပေးရင် လနဲ့ပက်သက်တဲ့နာမည်ကိုပဲပေးမှာ"

"ဒါဆို ငါ့ညီ အကို့ကို လနဲ့ပက်သက်တဲ့ နာမည်တစ်လုံးလောက်ပြောပြကြည့်ပါလား၊ ငါ့ညီစဉ်းစားလို့ရသလောက်ပေါ့"

"အွန်း....... လရောင် ဟုတ်တယ် လရောင် မလှဘူးလား"

ထိုစကားသံများက သူ၏နားထဲတွင် ပြန်လည်ကြားယောင်နေမိသည်။ ပါးစပ်ကလဲ သူ့အလိုလိုသူ ပြုံးလာမိသည်။ မျက်ရည်များကလဲ အကြောင်းပြချက်မရှိ ဝဲသီလာတော့သည်။

အမုန်းများကြားမှ အချစ်ပန်းWhere stories live. Discover now