Unicode
ဆယ်ကျော်သက် လူငယ်တစ်ဦးသည် ဒေါ်ခင်မာယာ၏အိမ်ကြီးကို စူးရှသည့်အကြည့်များနှင့် ကြည့်ရှူနေလေသည်။ သူ၏အတွေးထဲတွင်လည်း ထိုနေ့ညက ဦးငယ်ဖြစ်သူပြောပြထားသည့် စကားများသာကြားယောင်နေလေသည်။
ထိုနေ့ညစာစားပွဲပြီးသည့်နောက် သူနှင့်ဦးငယ်တို့ အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်လာခဲ့ကြသည်။ အိမ်သို့ပြန်ရောက်သည်နှင့် ဦးငယ်သည် ဧည့်ခန်းထဲရှိ sofa ပေါ်သို့ အားပျက်နေသည့်ဟန်ဖြင့် ထိုချလိုက်လေသည်။
"ဦးငယ် ဘာဖြစ်လို့လဲ ဦးငယ်"
"သေချာနေပြီးပဲ မမနန်းညိုသေသွားရတာက သူ့ကြောင့်ပဲဆိုတာ"
"ဗျာ....."
ကြားလိုက်ရတဲ့စကားကြောင့် လရောင်လဲ အံ့အားသင့်သွားရသည်။ အမေဆုံးသွားရတာက ဒေါ်ခင်မာယာကြောင့်တဲ့လား။ ဦးလေးကဘာကြောင့်ဒီလိုပြောရတာလဲ။
"အမေဆုံးရတာက ဒေါ်ခင်မာယာကြောင့် ဟုတ်လား ဦးငယ်"
"ဟုတ်လောက်တယ် သူဆိုတာဟုတ်နေရင်ပေါ့"
"သူ.... သူဆိုတာဘယ်သူလဲ"
"သူဆိုတာ အခုချိန်မှာတော့ ဒေါ်ခင်မာယာ အရင်ချိန်ကတော့ မသီတာခိုင်ဆိုတဲ့လူပေါ့"
"ဒေါ်ခင်မာယာ မသီတာခိုင် ကျွန်တော်နားမလည်ဘူး ဦးငယ်"
"သီတာခိုင်ဆိုတာ ဟိုးအရင်က မမနန်းည်ုရဲ့အချစ်ဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်လေ၊ အဲ့ဒီတုန်းက ဦးငယ်က ၁၅ ၁၆ အရွယ် မမနန်းညိုကတော့ သက္ကသိုလ်ကျောင်းသူပေါ့၊ အဲ့ဒီတုန်းက နန်းညို၊ ရွှေနှင်းစက်၊ သီတာခိုင်ဆိုတာက သက္ကသိုလ်တစ်ခွင်အရမ်နာမည်ကြီးတဲ့ အုပ်စုပဲ၊ အရည်အချင်းကြောင့်ရော၊ အလှအပကြောင့်ရောပေါ့"
လရောင်လဲ ဦးငယ်ပြောသည့်စကားတွေကို ငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေလေသည်။
"တစ်နေ့ကျတော့ မင်းရဲ့အဖိုးနဲ့အဖွားက အသတ်ခံလိုက်ရတယ်၊ အဲ့ဒီအသတ်ခံရတဲ့နေ့မှာပဲ အိမ်ရဲ့အတွင်းပစ္စည်းတွေဖြစ်တဲ့ လက်ဝတ်လက်စားတွေရော အိမ်ထဲရှိရှိသမျှပိုက်ဆံတွေအားလုံးကပျောက်သွားခဲ့တယ်၊ တစ်ချိန်ထဲပဲ မင်းရဲ့အဖိုးနဲ့အဖွား အယုံကြည်ရဆုံးလူဖြစ်တဲ့ ဦးမြင့်အောင်နဲ့ သူ့သမီး မသီတာခိုင်တို့ကလဲ ပျောက်သွားခဲ့ကြတယ်၊ အရာအားလုံကတစ်နေ့ထဲမှာပဲဖြစ်သွားတာ၊ ဦးမြင့်အောင်နဲ့ မသီတာခိုင်တို့ သားအဖနှစ်ယောက်ကိုလဲလုံးဝမတွေ့ရတော့ဘူး၊ အဲ့ဒီကိစ္စတွေက သူတို့သားအဖနှစ်ယောက်ကြောင့်ပဲဆိုတာ ဦးငယ်တို့မောင်နှမနှစ်ယောက်လုံးသိလိုက်ရတယ်၊ ဒါပေမယ့် တရားဆွဲဖို့ကလဲ ဘာသက်သေမဇမရှိဘူးလေ၊ အဲ့ဒါကြောင့် ဦးငယ်တို့လက်လျော့ခဲ့ရတာ"
YOU ARE READING
အမုန်းများကြားမှ အချစ်ပန်း
Action[Ongoing] Type - BL Genre - Drama, Revenge Main characters - မင်းဧကရာဇ် ♡ လရောင်