Intro

57.6K 2K 195
                                        

1995,Dec 30

ဆောင်းညနက်နက်ထဲ ကလေးငယ်တစ်ယောက်ရဲ့ အာခေါင်ခြစ်၍ ငိုလိုက်သံက ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။
ကင်မ်စံအိမ်ရဲ့ အတွင်းခန်းထဲမှာတော့ အိမ်ကြီးရှင် Alpha သခင်ကြီးက အခန်းငယ်တစ်ခုရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရှိ နေသည်။

အခန်းထဲက‌နေ ကြားလ်ိုက်ရသည့် ကလေးင်ိုသံ စူးစူးကြောင့် သူ၏မျက်နှာဟာလည်း စိုးရိမ်ပူပန်နေမှုတွေ ရုတ်ချည်းပျောက်ကာ ဝမ်းသာမှုတွေ ထင်းခနဲ အစားထိုးပေါ်လာကြ၏။

"အိမ်တော်ထိန်းကြီး ဒါ ကျုပ်သားအသံမလား...အသံကြားရတာနဲ့တင် ကျုပ်အားရှိလိုက်တာဗျာ....ကျုပ်မျှော်မှန်းထားသလို သားက အဆင့်မြင့် Alpha ဖြစ်လာမှာ အသေချာပဲ.."

မွေးကင်းစကလေးငယ်ကို မမြင်ရသေးသည့်တိုင် ယုံကြည်ချက်လွန်ကဲနေတဲ့ သခင်ဖြစ်သူအား အိမ်တော်ထိန်းက မည်သည့်စကားမှ မတုံ့ပြန်။
Gender က ဘယ်လိုအမျိုးအစားပဲဖြစ်ပါစေ သေချာတာကတော့ ယခုမွေးဖွားလာသည့် သခင်လေးဟာ  ဒီမိသားစုရဲ့ အချစ်ခံလေးဖြစ်မှာ အသေအချာပါပဲ။
သခင်ကြီး မျှော်လင့်ထားသလို Alpha ဖြစ်လာမလာကတော့ အချိန်တစ်ခုထိစောင့်ကြည့်ရဦးမှာပင်။

ခနအကြာ အခန်းထဲကနေ မွေးကင်းစကလေးငယ်ကို ချီလျက်ထွက်လာသော သူနာပြုကြောင့် သခင်ကြီးဟာ လျင်မြန်စွာပဲ ချည်းကပ်သွားတော့ ဆရာမလေးက ပြုံးပြလျက်...

"ဂုဏ်ယူပါတယ် သခင်ကြီး....သခင်လေးက ကျန်းမာစွာမွေးဖွားလာပါတယ်...မိခင်လည်း ကျန်းမာပါတယ်....ပြီးတော့ ထူးခြားမှုတစ်ခုက သခင်လေးဟာ အရမ်းကိုလှတဲ့ ရွှေအိုရောင်ဆံပင်လေးတွေနဲ့ပါ.."

သူနာပြုဆရာမရဲ့စကားကို နားထောင်ရင်း တစ်ဆက်တည်းမှာပဲ ရွှေရောင်ပိတ်စနဲ့ထွေးပတ်ထားသည့် ကလေးလေးကို  လက်လွှဲယူပြီးနောက် ပီတိဖြာသောအကြည့်တို့ဖြင့် ကြည့်နေမိလေ၏။

သူနာပြုဆရာမ‌‌ ပြောသလို ရွှေအိုရောင်ဆံပင်လေးတွေနဲ့ အိပ်ပျော်နေတဲ့ကလေးလေးဟာ အနှီးထုပ်ထဲ၌ နတ်သားလေးပမာ...
ပါးလေးတွေက တို့ထိလိုက်ရင်တောင်ပဲ့ကျသွားမည့်အလားမို့ မကိုင်ရက်ပဲ ကြည့်ရုံနဲ့တင် နူးညံ့မှုကိုခံစားနေရသည်။
အိပ်နေတာ‌ကြောင့် မျက်တောင်ရှည်တွေက ဖြာကျနေပြီး အရုပ်ကလေးတွေလိုပင်။
မွေးစတည်းက မျက်လုံး၊မျက်ခုံးတွေပီပြင်လွန်းကာ နူးညံ့နေသော ရုပ်ရည်သွင်ပြင်ကြောင့် စိတ်ထဲ အနည်းငယ်အလိုမကျမိသော်လည်း သားဦးမို့ ထိုအတွေးတို့က ကြာကြာမခံပဖြ ကြည်နူးမှုတို့သာ အစားထိုး ဝင်ရောက်လာသည်။

The Alpha Zone (Completed)Место, где живут истории. Откройте их для себя