"တော်ဝင်စံအိမ်က သခင်ကြီးတို့ ရောက်လာကြပြီ.....ကြိုဆိုဖို့ပြင်ဆင်ကြ..."
ဝန်ကြီးချုပ်ရဲ့အိမ်ရှိရာ ခြံအတွင်းသို့ တော်ဝင်စံအိမ်မှ ကားတွေတန်းစီလျက်ဝင်လာကြပြီမို့ အိမ်ကြီးရှင်သခင်ကြီးက သူ၏ ဇနီးဖြစ်သူအား ပြောလေ၏။
ထိုအခါ သူ့ရဲ့ ဇနီးဟာလည်း ဂျွန်သခင်ကြီးတို့ သားအဖကို ခရီးဦးကြိုပြုရန်အတွက် သူရဲ့ခင်ပွန်းဖြစ်သူနဲ့အတူတူ အဆင်သင့်ရပ်နေတော့သည်။
သူမတို့ဘေးမှာတော့ သူမတို့သမီး ယွန်းဆောလည်းရှိနေ၏။သက်တော်စောင့်တွေပါရှိသည့် ကားက ရှေ့ဆုံးကနေ ဝင်လာကာ အရင်ရပ်ပြီးမှ ကားပေါ်က သက်တော်စောင့်တွေဆင်းလာပြီး လုံခြုံရေးအရင်ယူသည်။
အားလုံးစိတ်ချရပြီဆိုမှ ဒုတိယကားအမဲရဲ့တံခါးကိုဖွင့်လိုက်သည်နဲ့ အရှိန်ဝါကြီးမားသည့် တော်ဝင်စံအိမ်မှ Alpha သခင်ကြီးအရင်ဆင်းလာသည်။
တည်တင်းနေသော မျက်နှာထားက Alpha ဟူသော ဂုဏ်ပုဒ်နဲ့ညီစွာ အရှိန်အဝါတို့က တောက်ပလို့နေ၏။သူ၏နောက်မှာတော့ ပြေပြစ်သောရုပ်ရည်ပိုင်ရှင်ဖြစ်သည့် တော်ဝင်မင်းသား ဂျွန်ဂျောင်ဂု ဆင်းလာ၏။
တော်ဝင်သွေးပါသူပီပီ သူ၏ အရှိန်အဝါဟာလည်း ဖခင်နည်းတူ တောက်ပနေပြီး မိန်းကလေးတိုင်း ရူးသွပ်ချင်စရာအနေအထားပါ။
ယောင်္ကျားဆန်တဲ့ မျက်နှာအချိုးအစားပေါ်က မျက်လုံးဝိုင်းတွေဟာ ကြည်လင်တောက်ပလို့နေပြီး သေသပ်တဲ့နှုတ်ခမ်းပါးတွေ၊ပြီးတော့ ချွန်မြမြမေးရိုးသွယ်တွေက အနာဂတ်မှာ အင်အားအပြည့်ရှိတဲ့ Alpha တစ်ယောက်ဖြစ်လာမှာကို မီးမောင်ထိုးပြနေသလိုပါပဲ။အနက်ရောင် suit ကို ဝတ်ဆင်ထားပြီး မြင့်မားတဲ့ အရပ်နဲ့ကျစ်လစ်တဲ့ ခန္ဓာကိုယ်အနေအထားပါ ပေါင်းလိုက်ရင် မင်းသားငယ်ဟာ Omega တိုင်း မျက်စိကျချင်စရာ ပုံစံမျိုးပါ။"ကြိုဆိုပါတယ်....မင်္ဂလာညနေခင်းပါ"
ဝန်ကြီးချုပ်က အရိုသေပေးရင်း လက်ကမ်းပေးတော့ ဂျောင်ဂု၏ဖခင်ကလည်း ပြန်လည်ဆွဲကိုင်နှုတ်ဆက်ကာ...
"ဘာလို့အပြင်မှာရပ်စောင့်နေကြတာလဲ....ကိုယ့်လူရင်းတွေပဲမို့ ဒီလောက်ထိ ကြိုဖို့မလိုပါဘူးဗျာ.."
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)