"ဝိုးးးးဦးဦးက သားဒါကို ကြိုက်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိတာလဲ.."
ဗြောဟာသူနဲ့ အကြိုက်တူလားမတူလားကိုစမ်းသပ်ချင်တာမို့ ပန်းကန်ထဲက ဝက်သားပြားကြော် တစ်ဖက်ကို ထည့်ပေးလိုက်တာ...
ထင်တဲ့အတိုင်း ကျွန်တော့်သား ပီသပါပေတယ်။
ဟင်းသီးဟင်းရွက်မကြိုက်တာတော့ ထယ်ယောင်းနဲ့တူ၏။အရွက်အချို့ကို ပန်းကန်ရဲ့ဘေးဘက်မှာ စုပုံလို့ထားတယ်လေ။"ဦးဦးက မသိပါဘူး....ဒါက ဦးဦးကြိုက်တဲ့ဟင်းမို့ သားကို ထည့်ပေးလိုက်တာ..."
"ကျေးဇူးတင်ပါတယ် ဦးဦး....သားလည်း ဒီဟင်းကို အကြိုက်ဆုံးပါ..."
ထမင်းဝိုင်းမှာ အပေးအယူမျှနေသည့် ထိုသားအဖနှစ်ယောက်ကို ကြည့်ပြီး ထယ်ယောင်းရင်မှာ ငိုရခက်ရယ်ရခက်။ဗြောက တကယ်လည်း ဂျောင်ဂုနဲ့တူတာတွေပိုများပါသည်။ခေါင်းမာတာရော၊ဝက်သားကြိုက်တက်တာရော....နောက်ဆုံး ကြီးကြီးကျယ်ကျယ်စကားပြောတက်တာကအစ တူပါ၏။
"မင်းရော ထည့်စားလေ ထယ်ယောင်း.."
ထယ်ယောင်း ပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးလာပြန်သည်။မျက်လုံးတစ်ချက်ဝင့်ကြည့်လိုက်ရင်း...
"ငါက အိမ်ရှင်ပါ...မင်းဘာသာမင်းစား...ငါ့ကို ဂရုစိုက်ပေးဖို့မလိုပါဘူး.."
အရင်အတိုင်းပဲ။မျက်နှာချောချောလေးနဲ့မလိုက်မဖက် ခပ်စွာစွာစကားတွေကို ပြောတက်နေတုန်း။
"ထမင်းစားဖို့ကို အများကြီး ရင်ခုန်နေတယ်...."
ထယ်ယောင်းက ကျွန်တော့်ကို ပြူးကြည့်လာသည်။ကလေးရှေ့မှာ ဘာတွေပြောနေတာလဲဆိုသည့်သဘော..
"မင်းချက်ထားတဲ့ ဟင်းကို ပထမဆုံးအကြိမ် စားရမှာမို့လေ..."
ထိုသို့ပြောလိုက်တော့ ထယ်ယောင်းက သူ့ကို တွေတွေကလေးသာငေးကြည့်လို့နေသည်။
ဂျောင်ဂုဘာမှထပ်မပြောတော့ပဲ ထမင်းတစ်လုပ်ခပ်စားလိုက်တော့ အရသာရှိလှသည်။"စားလို့ကောင်းလား ဦးဦး.."
"ကောင်းပါတယ် ဗျာ....သား ဖေဖေက ဟင်းချက်တာအရမ်းတော်တာပဲ..."
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)