ထယ်ယောင်းနိုးလာတော့ မနက် ခြောက်နာရီ။
အရင်နေ့တွေတုန်းကတော့ သားကို ထမင်းချိုင့်ပြင်ဆင်ပေးဖို့ဆိုရင် ခြောက်နာရီခွဲမှသာထဖြစ်တာ။
ဒီနေ့မနက်တော့ ဂျောင်ဂုလည်း ရှိနေတာမို့ မနက်စာ အဆင်သင့်ဖြစ်ဖို့ဆိုရင် ဒီအချိန်လောက်ထမှ အဆင်ပြေတာမို့ ခပ်မြန်မြန်ပဲ မျက်နှာသစ်ခြင်းကိစ္စကို ပြီးအောင်လုပ်လိုက်သည်။
ကိုယ်လက်သန့်စင်ပြီးတာနဲ့ မီးဖိုချောင်သို့ဝင်ကာ ပြင်ဆင်ဖို့ တွေးထားခဲ့ပေမယ့် တကယ်တမ်း မီးဖိုချောင်ဆီရောက်တော့ ထမင်းစားပွဲပေါ်မှာ အငွေ့တထောင်းထောင်းနဲ့ ထမင်းကြော်သုံးပန်းကန်က နေရာယူထားပြီးနေပြီ။
ဂျောင်ဂုကတော့ သူ့ကို ကျောပေးကာ တစ်ခုခုကို ချက်နေသည်မို့ ကျွန်တော့်ကို မမြင်သေး။"ဒါတွေက...."
"ဟော...ငါ့ကြောင့် နိုးသွားတာလား....ဆောရီးနော်....အတက်နိုင်ဆုံး အသံမထွက်အောင်ဂရုစိုက်ခဲ့တာကို.."
ထယ်ယောင်းအသံကြောင့် ဂျောင်ဂုကလှည့်ကြည့်ရင်း ရွှင်မြူးစွာပြောလာ၏။
"မင်းက ဘာလို့ ဒါတွေကို လုပ်နေတာလဲ.."
"မင်းတို့သားအဖကို မနက်စာချက်ကျွေးချင်လို့လေ....ပြီးတော့ ဒီနေ့မှ စောစောနိုးနေတာနဲ့ ထပြီး ရေခဲသေတ္တာထဲမှာ ရှိတာတွေကို အဆင်ပြေအောင် ချက်ကြည့်လိုက်တာ....မီးဖိုချောင်အတွက် မင်းကို ခွင့်မတောင်းမိလို့ ဆောရီးနော်.."
စားပွဲပေါ်မှာတောင် စားသောက်စရာတွေရောက်နေပြီကို အခုမှ ဆောရီးလုပ်နေတဲ့ သူ့ကို ထယ်ယောင်းဘာများပြန်ပြောနိုင်မလဲ။
"မင်းက ဧည့်သည်ပဲကို...ဒီလိုတွေလုပ်ထားတော့ ငါက အားနာမိတယ်..."
ဧည့်သည်ဆိုတဲ့ အသုံးနှုန်းကြီးကို မကြိုက်ဘူး။
ကျွန်တော်က အခုချိန်မှာ အပြင်လူလိုနေနေရပေမယ့် ထယ်ယောင်းတို့သားအဖနဲ့သက်ဆိုင်သူပါ။"ဗြော.....ငါ့သားကို ချက်ကျွေးကြည့်ချင်လို့ပါ.....အဖေတစ်ယောက်ရဲ့ တာဝန်တွေကို နည်းနည်းလောက်ပဲဖြစ်ဖြစ် လုပ်ပေးချင်မိလို့..."
ဂျောင်ဂုအတွက်စိတ်မကောင်းဖြစ်မိပေမယ့်လည်း ထယ်ယောင်းရင်ထဲက အစိုင်အခဲတို့က အကုန်လုံးပြေလျော့သွားခဲ့တာမဟုတ်ပါ။
ဒါကြောင့် သူပြောသမျှအားလုံးကိုလည်း အမှန်တရားရယ်လို့ မသတ်မှတ်ချင်သေးဘူး။
တိတ်ဆိတ်သွားတဲ့ သူတို့နှစ်ယောက်ကြား အိပ်ယာနိုးလာသော ဗြောကဝင်ရောက်လာခဲ့သည်။
VOUS LISEZ
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)