"အားလုံးပဲ မောနင်း..."
ကျောင်းတက်ချိန် မစသေးသည့် မနက်ပိုင်းမို့ ကျောင်းသားတွေလည်း အခန်းထဲမစုံသေး။
ဟန်ဘင်းရောက်တော့ ထယ်ယောင်းနဲ့ဂျောင်ဂု ရောက်နေတာကိုတွေ့လို့ နှုတ်ဆက်လိုက်ပေမယ့် လေထုအခြေနေက အေးစက်စက်ကြီး။"ဘာလို့ တိတ်ဆိတ်နေကြတာလဲ..?မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား..?"
အပျင်းကြောဆန့်ရင်း ဝင်လာတဲ့ ဟန်ဘင်းက အခန်းထဲရောက်ရောက်ချင်း ဂျောင်ဂုနဲ့ထယ်ယောင်းကိုကြည့်ကာ မေး၏။ထယ်ယောင်းဘက်က ခေါင်းခါပြလိုက်ပြီး ရေးလက်စစာကို ပြန်ငုံ့ရေးလိုက်ပေမယ့် ဂျောင်ဂုဘက်ကတော့ ဘာမှဖြေရှင်းသံမကြားရ။
"ရားးးးဂျောင်ဂု မင်းကရော ဘာလို့ဘာမှမ ပြောတာလဲ...တကယ် ရန်ဖြစ်ထားကြတာလား.."
"မဖြစ်ဘူး.."
တုံးတိတိ ထိုတစ်ခွန်းပဲ ဖြေပြီး စာအုပ်ကိုပဲ အာရုံ ရောက်သွားပြန်တဲ့ ဂျောင်ဂုကြောင့် ဟန်ဘင်းမှာ အူကြောင်ကြောင်လေးဖြစ်သွားရသည်။
သေချာသတိထားမိမှ အခုတလော ဒီနှစ်ယောက် အခေါ်ပြောလည်း သိပ်မလုပ်သလို အရင်ကလို တပူးပူးတတွဲတွဲလည်း ရှိမနေကြဘူး။
ဂျီအွန်းကိုပြောပြတုန်းကတော့ မင်း စိတ်ထင်လို့ပါဟူ၍သာ ပြောပေမယ့် အခုအခြေနေကတော့ အနည်းငယ် ကို့ရို့ကားယား နိုင်လှ၏။"ဟော မင်းတို့တွေ ဒီနေ့ကျောင်းလာတာ စောသားပဲ....အိပ်ယာထ နောက်ကျတဲ့ ဟန်ဘင်းလိုကောင်တောင် အစောကြီးရောက်နေပါလား...."
အနောက်က ဝင်လာတဲ့ ဂျီအွန်းက ဟန်ဘင်း ပုခုံးကိုဖက်ကာ စနောက်လိုက်ပေမယ့် ဟန်ဘင်းက တိတ်တိတ်နေဖို့သာ အမူယာပြသောကြောင့် ဂျီအွန်းလည်း ဘာဖြစ်လို့လဲ ဟု လေသံတိုးတိုးနဲ့သာပြန်မေးလိုက်တော့..
"တစ်ခုခုတော့ တစ်ခုခုပဲ...ငါလည်း သေချာမသိဘူး ဟေ့ကောင်.."
"ဘာလဲ..?သူတို့ကြားမှာ ငါတို့ မသိတဲ့ တစ်ခုခုဖြစ်ထားတာလား.."
"ငါလည်း အဲ့ဒါကို သိချင်နေတာပါဆို..."
နေရာမှာတောင်မထိုင်နိုင်ပဲ နှစ်ယောက်သား လေသံတိုးတိုးဖြင့် ပြောနေမိတော့ ဂျောင်ဂုက ရုတ်တရက်မော့ကြည့်ပြီး အော်လေ၏။
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)