"သားငယ် နေမကောင်းဘူးလား.."
ကားပြတင်းပေါက်မှတစ်ဆင့် ရှုခင်းတွေကိုငေးရင်း ပါလာသော ဂျောင်ဂုအား မေမေက ကြင်နာစွာဖြင့်မေးလာသည်။
နှလုံးသားကနေမကောင်းတာပါမေမေလို့ ပြန်ဖြေလိုက်ချင်ပေမယ့် လေးလံနေတဲ့စိတ်ကြောင့် စကားတို့မထွက်။"ကောင်းပါတယ် မေမေ.....ဒီနေ့စောစောထလိုက်ရလို့ ခေါင်းမကြည်ရုံပါ..."
"ဟုတ်လို့လား....ကျောင်းကစီစဉ်ပေးတဲ့ကားနဲ့ လိုက်မသွားရလို့ စိတ်ဆိုးနေတာမဟုတ်ဘူးလား"
မေမေက ဂျောင်ဂု ခေါင်းကိုအသာယာပွတ်ပေးရင်း ကျီစယ်လိုက်ပေမယ့် တကယ်စိတ်ဆိုးချင်နေသောဂျောင်ဂုမှာတော့ ပြန်တောင်မဖြေနိုင်။
ထိုစဉ် ကားရှေ့ခန်းမှ ဖေဖေက..."ဘာကို စိတ်ဆိုးစရာရှိလို့လဲ....ဘယ်လိုပဲဖြစ်ဖြစ် ဟိုရောက်ရင် ဆုံကြမှာပဲလေ....ပြီးတော့ ဂျောင်ဂုဂီ မင်း သူတို့နဲ့အတူတူ ပေါင်းသင်းဆက်ဆံနေတိုင်း သူတို့နဲ့အဆင့်တူတယ်လို့ မတွေးနဲ့....မင်း နေရာ မင်း သိသင့်တယ်..."
ဖေဖေ့ဆီက ထိုကဲ့သို့ ဂုဏ်ဒြပ်ဆန်တဲ့စကားလုံးတွေကို ဂျောင်ဂု မနာခံချင်။ကျွန်တော်က မျိုးရိုးမြင့်ထဲမွေးဖွားလာတာနဲ့ပဲ ဘာမဆို စည်းနဲ့စောင့်ထိန်းရမယ်တဲ့လား။မိသားစုထဲ သားယောင်္ကျားလေးအနေနဲ့ကျွန်တော်တစ်ယောက်ပဲရှိလို့ အစစအရာရာ မျှော်လင့်ထားတာကို ဂျောင်ဂု လက်ခံပါသည်။
ဒါပေမယ့် ကိုယ့်ဆန္ဒမပါတဲ့ ကိစ္စမျိုးကို တစ်ဖက်သတ်စီစဉ်တာကိုတော့ လက်မခံချင်ပါ။ကျွန်တော်က အထိန်းကွပ်မဲ့ဆိုးသွမ်း နေသူလည်း မဟုတ်တာကို အိမ်ထောင်ရေးကအစ မိဘစီစဉ်ပေးတာကိုတော့ ဘဝင်မကျပါ။
ယွန်းဆောနဲ့စီစဉ်တဲ့ကိစ္စမှာလည်း မိမိဘက်က လက်မခံနိုင်ကြောင်း ငြင်းဆန်ခဲ့ပေမယ့် ဖေဖေ့ထံမှ အချို့စကားလုံးတွေကြောင့် ထယ်ယောင်းပေါ် စိုးရိမ်စိတ်တွေမြင့်တက်ခဲ့ရသည်။/မင်း မှာ ချစ်သူရည်းစားရှိတယ်ဆိုတဲ့ ကောလဟာလကို ငြိမ်သွားဖို့ဆိုရင် ဒီလိုလုပ်တာကပဲ အသင့်တော်ဆုံးပဲ...ပြီး တော့ ဒီကိစ္စ အမှန်ဖြစ်နေခဲ့ရင်တောင် မင်း အနေနဲ့ အဆင့်တန်းမတူတဲ့သူကို လက်တွဲဖော်နေရာထားပြီး တွေးနေတာတွေကို ရပ်လိုက်သင့်တယ်...အကယ်၍ ငါ့စကားကို ဆန့်ကျင်ပြီး ရှေ့ဆက်တိုးမယ်ဆိုရင်တော့ ထိခိုက်ရမှာက အဲ့ဒီတစ်ယောက်ပဲဖြစ်လိမ့်မယ်....ငါ့မိသားစု ဂုဏ်သိက္ခာကိုတော့ ဘယ်နည်းနဲ့မှ ထိခိုက်မခံနိုင်လို့ မင်းရဲ့ရွေးချယ်မှုမှန်ကန်ဖို့ပဲ မျှော်လင့်တယ်.../
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)