"ဟေ့ မင်း နာမည်က ကင်မ်ထယ်ယောင်းနော်..."
ထိုအသံက ဂူချန်းဟိုဆိုသည့် ကျောင်းသားသစ်ဆီက အသံ။
အသံတင်မဟုတ် ခုံရော၊စားပွဲပါမပြီး ထယ်ယောင်းနားထိ တိုးကာလာထိုင်လေသည်။"ကျေးဇူးပြုပြီး ကိုယ့်နေရာကို ပြန်သွားပါ..."
ထယ်ယောင်းဘက်က အေးဆေးပြောပေမယ့် ထိုကောင်က ဖြုံတောင်ဖြုံသည့်ပုံမပြ။
စာအုပ်အထပ်လိုက်အား ထယ်ယောင်းစားပွဲပေါ်ပစ်တင်ရင်း..."ကိုယ် နောက်ကျသွားတဲ့စာတွေ မင်းကပဲ ရှင်းပြပေးနိုင်မလား..."
ထယ်ယောင်း စိတ်ရှုပ်မိသည်။
ထိုဆွဲဖြဲချင်စရာရာရုပ်နဲ့ကောင်က ထယ်ယောင်းတို့အတန်းထဲမှာကျပြီး ကျက်သရေတုံးစွာ ကိုယ့်ဘေးခုံမှာပါနေရာရသည်။
တစ်ယောက်တစ်ခုံစီဆိုပေမယ့် အနည်းငယ်ခြားတာကို စားပွဲတွေကပ်ပြီး လာထိုင်နေတဲ့ ထိုကောင်ကြောင့် စိတ်အနှောက်ယှက်ဖြစ်ရ၏။"မင်း မေးချင်ရင် ဆရာတွေသွားမေး....ငါ မအားဘူး.."
"အဟက်....မျက်နှာလေးလှသလောက်ချေတယ်နော် မင်းက.."
"ငါ နေတက်သလိုနေတာ..."
ထယ်ယောင်း ထိုတစ်ခွန်းပဲပြောပြီး နားကြပ်တပ်ကာ စာကြည့်ဖို့ပြင်လိုက်ပေမယ့် ဆတ်ခနဲဆွဲဖြုတ်ခံလိုက်ရတဲ့ နားကြပ်ကြိုး...
ဒေါသထွက်စွာလှည့်ကြည့်မိတော့ ပြုံးပြနေတဲ့ ထိုကောင်။
မထိတထိပြုံးကာ ပြုံးတဲ့ရုပ်က ရုပ်ရှင်တွေထဲမှာမြင်ဖူးနေကြဗီလိန်ရုပ်မျိုး။
သိတယ်မဟုတ်လား။ချောပေမယ့်လည်း ကျက်သရေတုံးတဲ့ကောင်ပေါ့။ပြုံးလိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်ခွက်တွေက ထိုကောင်နဲ့နည်းနည်းလေးမှလိုက်ဖက်မနေ။
ဆံပင်ရှည်ကို တစ်ဝက်ပဲစည်းကာ ကျောင်းအင်္ကျီကအစဖရိုဖရဲဝတ်ထားတာ အမြင်ကတ်ဖို့ကောင်းလှ၏။အတန်းထဲမှာသာမဟုတ်ရင် ထယ်ယောင်း အဲ့ဒီမျက်နှာကို ပိတ်ထိုးလိုက်မှာပင်။"ကဲ သင်ပေးဖို့ အဆင်သင့်ဖြစ်ပြီလား.."
"မသင်ပေးနိုင်ဘူး.."
"လုပ်ပါကွာ....ပြီးတော့ ကိုယ်က မင်းနဲ့ သူငယ်ချင်းလည်းဖြစ်ချင်တယ်....ငါတို့ Alpha အချင်းချင်းပဲလေ.....ဘာလဲ မင်းက ငါ့ထက် အဆင့်မြင့်တဲ့ Alpha မို့ အဖက်မလုပ်ချင်တာလား..?"
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)