{ 45 }

10.2K 979 104
                                        

အရာရာအဆင်ပြေနေပြီလို့ ယုံကြည်ထားချိန်မှာပဲ ကံကြမ္မာရဲ့တစ်ဖက်သတ်ကျီစယ်မှုက ထယ်ယောင်းအပေါ် လွှမ်းမိုးခဲ့သည်။အထက်တန်းကျောင်းပြီးပြီးချင်းမှာပဲ ဂျောင်ဂုကို သူ့အဖေက နိုင်ငံခြားသို့စေလွှတ်ခဲ့၏။
အဲ့ဒါကလည်း ထယ်ယောင်းနဲ့‌ ဂျောင်ဂုကို သဘောတူလက်ခံပေးဖို့အတွက်ဆို သူခိုင်းတာလုပ်ရမယ်ဆိုတဲ့ အပေးအယူပါ။

ဂျောင်ဂုအား သူသင်စေချင်တဲ့ စီးပွားရေးပညာကို နိုင်ငံခြားမှာ ဆည်းပူးစေပြီးမှ ပြန်လာတဲ့အခါ လက်ထပ်ပေးမည်ဆိုတဲ့ ကတိနဲ့ထယ်‌ယောင်း တို့နှစ်ယောက်စလုံးထံမှ သဘောတူညီချက် ရယူခဲ့၏။

နှစ်နှစ်ဆိုတဲ့အချိန်သိပ်မကြာပေမယ့်လည်း ပထမဆုံးအကြိမ်ခွဲရတာမို့ စိတ်ရောကိုယ်ပါ နာနာကျင်ကျင်။
ရေအလုံအလောက်မရတဲ့ သစ်ပင်ဟာခြောက်သွေ့သလိုမျိုး၊‌လမင်းမရှိတဲ့ကောင်းကင်ဟာ မှောင်မိုက်နေသလိုမျိုး၊
Alpha မရှိတဲ့ Omega တစ်ယောက်ရဲ့ နေ့ရက်တွေကလည်း အထီးကျန်စရာကောင်းလွန်းပါ၏။

ဂျောင်ဂုမသွားခင် ထယ်ယောင်းကို တောင်းဆိုခဲ့တာက တစ်ခုတည်း။
သူပြန်မလာမချင်း ဒီနေရာကနေစောင့်နေပါတဲ့။သူက အဲ့ဒီကတိတစ်ခုကိုပဲ သေချာတောင်းတယ်။ဒီကြားထဲ သူ့အဖေလိုချင်တဲ့ ပုံစံအတိုင်းဖြစ်မြောက်အောင် ကြိုးစားသင်ယူမှာမို့ ကျွန်တော့်ကိုစောင့်နေပေးဖို့သာ ကတိတောင်းတယ်။
ဒါကြောင့် ထယ်ယောင်းဘက်ကလည်း သေချာကတိပေးခဲ့ပါတယ်။
မင်း မပြန်လာမချင်း ငါ ဒီ‌ကနေပဲ စောင့်နေပါ့မယ်လို့။

ဂျောင်ဂုထွက်သွားပြီး နောက်ပိုင်း ထယ်ယောင်းလည်း သင့်တော်တဲ့မေဂျာတစ်ခုကိုယူပြီး ကျောင်းဆက်တက်ခဲ့တယ်။တက္ကသိုလ်မှာ ဂျောင်ဂုမရှိပေမယ့် ထယ်ယောင်းအတွက် အထက်တန်းကျောင်းတုန်းကလိုမျိုး သိပ်တော့ခက်ခဲမနေ။ကိုယ့်အတန်းကိုတက်စရာပြီးတာနဲ့အိမ်ပြန်ရုံပဲမို့ အပေါင်းသင်းသူငယ်ချင်းလည်း သိပ်မထားဖြစ်ပါ။
အတန်းဖော်သူငယ်ချင်းတွေနဲ့စကားပြောတာဘာညာရှိပေမယ့်လည်း အရမ်းကြီး ရင်းနှီးတဲ့အထိ မပေါင်းဖြစ်တော့ဘူး။
ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ချန်းဟိုက ထယ်ယောင်းနဲ့ တက္ကသိုလ်တူကာ မေဂျာ တစ်ခုတည်းကျသည်။အရင်ကလိုမျိုးမဟုတ်ပဲ ဒီတစ်ကြိမ်မှာတော့ ချန်းဟိုက ထယ်ယောင်းအတွက် တကယ့် သူငယ်ချင်းတစ်ယောက်လိုမျိုး အဖော်ရခဲ့သည်။
ရံဖန်ရံခါတော့ ဟန်ဘင်းနဲ့ဂျီအွန်းတို့က ထယ်ယောင်းဆီလာလည်တက်သည်။
သူတို့ကတော့ ထယ်ယောင်းနဲ့ကျောင်းမတူတော့ ခနတစ်ဖြုတ်တွေ့ကြရုံလောက်ပဲ။

The Alpha Zone (Completed)Donde viven las historias. Descúbrelo ahora