{ 68 }

6.5K 763 65
                                    

"ဖေဖေနဲ့ခနလောက် စကားပြောရအောင်..."

"ကောင်းပါပြီ ဖေဖေ..."

"ဒီရက်တွေ ဘယ်မှာ ရှိနေတာလဲ သားငယ်...."

အိမ်ပြန်လာဖြစ်မှ ဆေးရုံတက်နေတဲ့အချိန်တွင်း ပစ်ထားခဲ့တဲ့အလုပ်တွေကို အာရုံစိုက်ပြီး စစ်ဆေးစရာရှိတာစစ်နေခိုက် အဖေက ထုံးစံအတိုင်း ကျွန်တော်ရှိရာဆီလာ၍ မေးမြန်းတော့သည်။

"မမကြီးက ဖေဖေ့ကို ပြောပြခဲ့တယ်မလား....ကျွန်တော် အပန်းဖြေစံအိမ်မှာ အနားယူနေခဲ့တာပါ..."

သားဖြစ်သူ၏ အဖြေကြောင့် သခင်ကြီးက အဓိပ္ပါယ်ရှိစွာတစ်ချက်ပြုံးလိုက်မိသည်။
ဒီကလေး အဖေဖြစ်သူကို လျှော့တွက်ထားတာပဲ။

"ဟုတ်လား.....ဒါနဲ့များ အဲ့ဒီစံအိမ်က အိမ်ထိန်းကြီးက မင်း မရှိဘူးလို့ ဘာလို့ပြောရတာပါလိမ့်..."

အဖေ့စကားကြောင့် ‌ရေနွေးငှဲ့နေသော ဂျောင်ဂု လက်တို့ တုံ့ခနဲ။ဒါပေမယ့် ဟန်မပျက်နေကာ..

"ကျွန်တော့်ကို နောက်ယောင်ခံဖို့ လူလွှတ်ထားတာလား?"

"ဒီလိုပါပဲ.....ငါက မသန်တော့ပေမယ့် မင်းဘာတွေလုပ်နေလဲဆိုတာလောက်တော့ စုံစမ်းလို့ရပါသေးတယ်..."

ဒါဆို သေချာတယ်။အဖေက ထယ်ယောင်းကိုလည်း တွေ့ပြီးလောက်မှာ။နောက်ပြီး သားကိုရော..

"ငါ့မြေးကို ဘယ်တော့ အိမ်ခေါ်လာမှာလဲ?"‌

ထင်တဲ့အတိုင်း အဖေက ဗြောကိုပါ သိနေပြီးသားပေါ့။ဒါပေမယ့် ဘယ်လိုလုပ်ပြီး ဒီစကားမျိုးပြောထွက်ရတာလဲ။ကျွန်တော်နဲ့ထယ်ယောင်းကွဲသွားတာကစလို့ ဗြော အဖေရင်းနဲ့ဝေးနေရတာအထိ အားလုံးက အဖေ့အပြစ်တွေပဲဆိုတာကို မသိတာလား။မသိချင်ယောင်ဆောင်လိုက်တာလား။

"ကျွန်တော် ဘယ်တော့မှ သူတို့ကို ဒီနေရာခေါ်လာမှာမဟုတ်ဘူး..."

"ဘာကွ....သူက တော်ဝင်စံအိမ်က ပထမဆုံး မြေးယောင်္ကျားလေးနော်.....အပြင်မှာ လက်လွတ်စပါယ် ကြီးပြင်းလာရမယ့် ကလေးမဟုတ်ဘူး...ငယ်ငယ်တည်းက သူသိထားသင့်တဲ့စည်းကမ်းတွေနဲ့သေချာထိန်းကျောင်းလာမှ အချိန်တန်ရင် မင်းနေရာကို ဆက်ခံနိုင်မယ့်သူ ဖြစ်လာမှာ..."

The Alpha Zone (Completed)Where stories live. Discover now