"ဒေါ်လေး ထယ်ယောင်းက ဒီတစ်ပါတ်ပိတ်ရက်ကို အိမ်ပြန်မလာဘူးလား..."
စနေ၊တနင်္ဂနွေတိုင်း အိမ်ပြန်လာလေ့ရှိသည့် ထယ်ယောင်းက ဒီရက်တွေမှာတော့မတွေ့။
ထိုရက်တွေမှာ ရုံးပိတ်သော ဂျီဟွမ့်အတွက် ထယ်ယောင်းနဲ့ဆုံဖို့က ဒီနှစ်ရက်လေးပဲရှိတာကို ဘာလို့များပြန်မလာပါလိမ့်။
ဒါကြောင့် မနက်စာပြင်ပေးနေသော ဒေါ်လေးအား မေးကြည့်လိုက်စဉ် မထင်မှတ်ထားသောအဖြေကို ရခဲ့သည်။"မဟုတ်ဘူးသားရေ အိမ်ပြန်လာသေးတယ်....ညနေဘက် စက်ဘီးသွားစီးလိုက်ဦးမယ်ဆိုပြီး မင်းညီကထွက်သွားတာ....ပြီးတော့ကျ သူ့သူငယ်ချင်းနဲ့ခရီးထွက်ဖို့လိုက်သွားတယ်တဲ့တော်....ဘာမပြောညာမပြောနဲ့ စိတ်ပူနေတုန်း အဲ့ဒီကလေး ဖုန်းဆက်လာမှသိရတယ်..."
"ခရီးထွက်တယ် ဘယ်သူနဲ့လဲ ဒေါ်လေး..."
"ဟို တော်ဝင်စံအိမ်က ကောင်လေးနဲ့လေ....အဲ့ဒီကလေးက ထယ်ယောင်းကို အတော်ခင်သား စိတ်မပူဖို့ကို ထပ်ခါတလဲလဲပြောရှာတာ...မင်းညီကတော့ ဆူခံရမှာကြောက်လို့ထင်ပါ့....ဖုန်းကိုတိုက်ရိုက်မပြောဘူး..."
ကော်ဖီခွက်ကို ကိုင်ထားသည့် ဂျီဟွမ့်လက်တွေ တင်းခနဲဖြစ်သွားရ၏။
ကင်မ်ထယ်ယောင်းက ကိုယ့်အန္တရာယ်ကို မသိတာလား။Alpha တစ်ယောက်နဲ့ရင်းရင်းနှီးနှီးပေါင်းသင်းရုံမျှ အားမရ၍ အခုတော့ ခရီးပါအတူတူထွက်လိုက်သေးတယ်။
ပြီးတော့ တူတူပါသွားတဲ့ကောင်ကလည်း တော်ဝင်စံအိမ်ကမင်းသားတဲ့လား။ကိုယ့်အပေါ်မှာတော့ ပြုံးပြဖို့တောင်နှမြောတဲ့သူက ထိုတစ်ယောက်ကိုတော့ သိပ်ပြီး တွယ်တာနေတာပဲ။"ကျွန်တော် ထယ်ယောင်းကို ဆက်သွယ်ပြီး အမြန်ဆုံးပြန်လာဖို့ပြောလိုက်မယ်....ဒါမှမဟုတ်လည်း ကျွန်တော်သွားခေါ်လိုက်မယ်....သူတို့ဘယ်သွားတာတဲ့လဲ ဒေါ်လေး..."
"အဲ့ဒါတော့ အတိကျမသိဘူး....ဟိုကောင်လေးရဲ့သက်တော်စောင့်ကတောင် သူတို့ ကျောင်းကနေအဆောင်ကို တန်းပြန်ကြမယ်ပြောလို့ အဝတ်အစားတွေပါ ထည့်ပေးလိုက်သေးတယ်....ကျောင်းလည်းတစ်ရက်ဖွင့်ပြီဆိုတော့ အခုလောက်ဆို ရောက်လောက်ပါပြီ..."
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)