"ကဲ ရောက်ပြီ.....ဖေဖေ့သားလေး ဆင်းကြရအောင်..."
ကျောင်းရောက်ပြီမို့ ကားပေါ်ကနေ ထယ်ယောင်း အရင်ဆင်းလိုက်သည်။
ကားကို ဒီဘက်မှာပဲ ရပ်ခဲ့ရမှာမို့ ဗြောဘက်က တံခါးကိုဖွင့်ကာ သားရဲ့ထိုင်ခုံခါးပတ်ကို ချွတ်ပေးရင်း တက်ကြွစွာ ပြောလိုက်ပေမယ့် သားက မလှုပ်မယှက်ထိုင်ကာ ငြိမ်သက်နေဆဲ။
မနက်တည်းက မျက်နှာမကောင်းတဲ့သားကြောင့် ထယ်ယောင်းလည်း စိတ်မကောင်းဖြစ်ရပေမယ့် ဘယ်လိုလုပ်ပေးရမလဲ။ချန်းကမှ မလာနိုင်ဘူး ပြောသွားတာကို။"ဗြောလေးက ပါးပါး မလာဘူးဆိုလို့ စိတ်မကောင်းဖြစ်နေတာလား....ပါးပါးက မအားလို့ပါ....အခု ဖေဖေနဲ့တူတူသွားကြမယ်လေ..."
ဗြောက တိတ်ဆိတ်နေဆဲ။
ထယ်ယောင်းကိုလည်း မကြည့်ပဲ ခေါင်းကို ငုံ့ထားသည်။"သားက ဖေဖေနဲ့လာရတာ မပျော်လို့လား....ဒါမှမဟုတ် ကစားပွဲမှာ ရှုံးမှာ ကြောက်လို့လား....စိတ်မပူပါနဲ့..... ဖေဖေက Alpha မဟုတ်ပေမယ့်လည်း အားရှိပါတယ်ကွ....ဒါပေမယ့် ဗြောက မပျော်ဘူးဆိုတော့ ဖေဖေ ဝမ်းနည်းမိတယ်..."
ထိုသို့ပြောလိုက်မှ ဗြောဟာ ကျွန်တော့်ကို မော့ကြည့်လာတယ်။
"သား ဖေဖေနဲ့လာရတာ ပျော်ပါတယ်....ပါးပါးလည်း တူတူပါရင်ပိုပျော်စရာကောင်းမှာပဲလို့ စဉ်းစားမိလို့ပါ...'
"ဒါပေမယ့်လည်း ပါးပါးကမအားဘူးလေ....ဒါကြောင့် ဂျီမကျပဲ ဖေဖေနဲ့ပဲတူတူ သွားကြမယ်....ပြီးရင် သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ကြီး ဆော့ကြမယ်လေ ဟုတ်ပြီလား..."
ဒီတစ်ခါတော့ သားက လိမ်လိမ်မာမာပဲ ကားပေါ်ကနေဆင်းလာခဲ့သည်။ကျောင်းအားကစားဝတ်စုံအဝါလေးနဲ့သားက တစ်ဖက်ကားလမ်းမှာ မိဘလက်ကိုတွဲပြီး ကျောင်းဝင်းထဲသို့ဝင်သွားနေကြတဲ့ အခြားကလေးတွေကို လိုက်ငေးလို့နေ၏။ထယ်ယောင်းလည်း သားလက်ကိုဆွဲပြီး ကားလမ်း သေချာကူးလိုက်ပြီး နောက်ကျောင်းထဲသို့သာ ဝင်လာလိုက်သည်။
"ဟော ဟန်ဗြောလေးတို့ပါလား...လာ လာ မျှော်နေတာရယ်...."
ဗြောရဲ့ အတန်းပိုင်ဆရာမက ထယ်ယောင်းတို့ကို တွေ့တာနဲ့ အပြေးတစ်ပိုင်းပင်လာကြိုရှာပါသည်။
ဗြောကလည်း ယဉ်ကျေးစွာပင် သူ၏ ဆရာမအား ခေါင်းလေးငုံ့ကာ နှုတ်ဆက်သည်။
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)