မှန်တင်ခုံရှေ့၌ ထိုင်ကာ အလှပြင်လျက်ရှိသော ယွန်းဆော။မှန်ထဲမှတစ်ဆင့်မြင်နေရသော သူမရဲ့ပုံရိပ်က လှပခြင်းတွေနဲ့ပြည့်စုံနေသည်။
ဒါ့အပြင် အဖေက နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်သူ၊အမေကလည်း နာမည်ကြီး ဒီဇိုင်နာဖြစ်ပြီး
သူမက ထိုသို့ မိဘနှစ်ပါးမှ မွေးဖွားလာသည့် တစ်ဦးတည်းသော သမီးမို့ ဂုဏ်သရေရှိအထက်တန်းလွှာ မိသားစုတွေထဲ သူမနာမည်က သတင်းမွှေးသည်။ငယ်ရွယ်တယ်၊ထက်မြက်တယ်။
ကောင်းခြင်းတွေနဲ့ လှပတဲ့ မိန်းမပျို Omega လေးမို့ သူမနဲ့လက်ထပ်ချင်သူ သားရှင်တွေဟာ ဒုနဲ့ဒေး။ဒါပေမယ့် ယွန်းဆောရဲ့နှလုံးသားကတော့ ရင်ခုန်တက်စ အရွယ်မှာတည်းက တော်ဝင်မင်းသားငယ် ဂျွန်ဂျောင်ဂုဆိုသည့် ငယ်သူငယ်ချင်းအပေါ်မှာသာ တိမ်းညွှတ်ခဲ့သည်။အခြားသော Alpha တွေ ဘယ်လောက်ပဲ ချစ်ရေးဆိုပါစေ။
သူမကတော့ ဂျောင်ဂုကိုပဲ ရွေးချယ်ချင်လို့ ဒီနေ့ဒီချိန်ထိ ဘယ်လို Alpha မျိုးကိုမှ လက်မခံခဲ့ပါ။သူမက လှပပြီးချစ်စဖွယ်ဆိုပေမယ့် အချစ်ရေးမှာတော့ ကံခေလွန်းလှပါသည်။ကပိုကရိုကျနေသော ရွှေအိုရောင်ဆံပင်ရှည်တွေက အများအမြင်မှာ လှပေမယ့်လည်း ဂျောင်ဂုကတော့ မြင်သည့်ပုံတောင်မပေါ်ပါ။
ဂျောင်ဂုနဲ့ပက်သက်ပြီး သူမ သိထားသည့် ကိစ္စကို မဟုတ်လောက်ပါဘူးလေဟုတွေးကာ အချိန်အကြာကြီးမျိုသိပ်ထားပေမယ့် တကယ်တမ်းကျ သူမ ရင်ကွဲခဲ့ရသည်သာ။
အဲ့ဒီနေ့က သူမကို ပစ်ပြီး ကင်မ်ထယ်ယောင်းဆီအလောတကြီး ပြေးသွားတဲ့ ဂျောင်ဂုကြောင့် သူမစိတ်ထင့်စွာ လူယုံအချို့အား နောက်ယောင်ခံလိုက်ခိုင်းခဲ့တာ။
ပြန်ကြားရတဲ့သတင်းစကားက Heat ဝင်နေသော Omega လို့ထင်ရတဲ့ တစ်စုံတစ်ယောက်ကို လိုက်ရှာပြီးနောက်ကားပေါ်သို့တင်ပြီး အပန်းဖြေစံအိမ်ထိသွားခဲ့ပါသတဲ့။ထိုလူ ရိုက်ယူလာသော ကင်မရာထဲမှ ပုံရိပ်တွေဟာ ကင်မ်ထယ်ယောင်းနဲ့ဂျောင်ဂုဆိုတာ ငြင်းလို့မရနိုင်အောင် ထင်ထင်ရှားရှား။
သို့သော်ငြား သူမ မယုံနိုင်သေး။ဒါပေမယ့် နောက်ရက် ယတွေမှာ နှစ်ယောက်လုံး ကျောင်းပျက်တာချင်းတူနေခဲ့တာက သူမသံသယကို ကြီးထွားစေသည်။ကိုယ်တိုင်အတည်ပြုချင်တာမို့ တိတ်တဆိတ်စုံစမ်းပေမယ့်လည်း အတိကျသတင်းမရနိုင်လို့ ရင်ထဲ ကြိတ်ကာ ပူလောင်ခဲ့ရသည်။
![](https://img.wattpad.com/cover/346858948-288-k498197.jpg)
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)