လွမ်းဆွတ်မှုတွေနဲ့ နမ်းရှိုက်လိုက်ပြီးနောက် ရပ်တန့်လိုက်တော့ ထယ်ယောင်းဟာ ငိုနေခဲ့သည်။
ပါးမို့ပေါ်ကမျက်ရည်အချို့ကို ဂျောင်ဂု သုတ်ပေးလိုက်သည်အထိ သူဟာ ဝမ်းနည်းစွာ ရှိုက်ငိုနေဆဲ။အကြာကြီးနေမှ ပြန်ဆုံရတဲ့သူ့ကို စိတ်ထိခိုက်အောင် လုပ်လိုက်မိပြီလား။"မငိုပါနဲ့တော့...တောင်းပန်ပါတယ်..."
ထယ်ယောင်းလက်လေးကို ဆုပ်ကိုင်ပြီး ချော့ပေမယ့်လည်း သူက ဆတ်ခနဲရုန်းထွက်ကာ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး...
"မင်း သွားတော့...ဂျောင်ဂု...သိချင်တာသိရပြီးပြီမို့ မင်း ပြန်တော့....မကြာခင် ချန်းနဲ့ငါ့သား ပြန်လာတော့မယ်..."
"မလိမ်တက်ပဲ ဘာလို့ လိမ်နေတာလဲ ထယ်ယောင်း...ငါ ဒီကို ဘာမှမသိပဲရောက်လာတယ်လို့ ထင်နေတာလား....မင်းနဲ့ချန်းဟို လက်ထပ်ထားတယ်ဆိုပေမယ့် ဒါက ဟန်ဆောင်ထားတယ်ဆိုတာ ငါသိတယ်...ဒါကြောင့် အဲ့ဒါတစ်ခုတည်းနဲ့ တားဖို့မကြိုးစားနဲ့..."
"သွားပါတော့.....မင်း ဘာတွေပဲ သိထားပါစေ...ငါ့မှာ မင်းကို ပြောစရာမရှိဘူး...ငါ့ကို လွှတ်ထားပေးပါ....ငါ့ဘဝနဲ့ငါနေပါရစေ...ငါ...ငါ မင်းနဲ့ ထပ်ပြီး မပက်သက်ချင်ဘူး..."
"ဒါ မင်းရဲ့ စိတ်ရင်း အမှန်လား....မင်း ပြောတဲ့ကိစ္စတွေကို ငါတစ်ခုမှမလုပ်ဖူးခဲ့ပေမယ့် ဒီအတိုင်းတော့ အလျှော့မပေးဘူး....သေချာ မှတ်ထားလိုက်...ဒီနေ့ကစပြီး အမှန်တရားကို အကုန်ရှာပြီး စုံစမ်းသွားမှာ....မင်းကိုရော၊ငါ့သားကိုရော အကုန် ပြန်ယူမှာ...ဒီနေ့တော့ မင်း စိတ်ဆင်းရဲနေရတာမို့ ဒီလောက်နဲ့ပဲ ပြန်တော့မယ်..."
ဂျောင်ဂုက ကြိမ်းဝါးရေရွတ်ပြီး အခန်းထဲကနေထွက်သွားခဲ့သည်။
ထယ်ယောင်း စိတ်မောလွန်းလို့ ထပ်ငိုရမှာတောင် ပင်ပန်းနေခဲ့ရ၏။ကိုယ့်ဘဝကို တည်ငြိမ်နေပြီလို့ထင်ထားခဲ့တာကို ဒါကဘာတွေလဲ။ထပ်ပြီးရှုပ်ထွေးဖို့ ဖြစ်လာနေပြီ မဟုတ်လား။
.
.
.
.
.
.
.
"ဖေဖေ....ဗြော ပြန်ရောက်ပြီ..."ဗြောက ကျောင်းမှပြန်ရောက်ရောက်ချင်း အိမ်ထဲအပြေးဝင်ကာ သူ့အဖေကို နှုတ်ဆက်လိုက်ပေမယ့် တုံ့ပြန်မှုမရှိတဲ့ အဖေဖြစ်သူကြောင့် မျက်လုံးဝိုင်းကလေးတွေက အလုပ်များသွားသည်။
ပုံမှန်ဆို ဖေဖေက ဗြောပြန်လာတာနဲ့ပြုံးရွှင်စွာ ကြိုပြီး ပြန်လည်ပွေ့ဖက်ထားပေးတက်တာ။
အခုတော့ သူခေါ်တာတောင် ဖေဖေက မကြားဘူးလေ။ဒါကြောင့် အနားသို့ ပိုတိုးသွားလိုက်ရင်း...
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)