"သတို့သား ဂျွန်ဂျောင်ဂု အနေနဲ့ သတို့သမီး ဟာယွန်းဆော ဖြစ်သူအပေါ် ဘယ်ချိန်မဆို အေးအတူပူအမျှနဲ့ ကောင်းခြင်းဆိုးခြင်းတွေအတွက် နားလည်မှုကို အခြေခံကာ တစ်သက်လုံး လက်တွဲသွားပါ့မယ်လို့ ကတိပေးနိုင်ပါသလား..."
သင်းအုပ်ဆရာကြီးရဲ့ မေးခွန်းသံက မိုက်ကရိုဖုန်းမှတစ်ဆင့် ထွက်ပေါ်လာသည်။ပွဲတက် ဧည့်ပရိတ်သတ်အနေနဲ့ လူအချို့ပါ ရှိနေပေမယ့် ဒီမင်္ဂလာပွဲ အခြေအနေက အေးစက်စက်နိုင်လှသည်။
ချစ်ခြင်းမေတ္တာတွေ သက်သေပြုလို့ ပေါင်းစည်းကာ ထိမ်းမြားတဲ့ မင်္ဂလာပွဲမှာ အဓိကဇာတ်ဆောင် သတို့သားနဲ့သတို့သမီးက ပျော်နေကြတာချည်း။
အခုတော့ သတို့သမီးကသာလျှင် တောက်တောက်ပပ ပြုံးထား၏။
သတို့သား၏ မျက်နှာချောချောက တည်ငြိမ်လို့နေပြီး အတွေးများနေဟန်။
အထူးသဖြင့် သင်းအုပ်ဆရာရဲ့ မေးခွန်းကို ပြန်ဖြေဖို့ မဆိုထားနဲ့ သူ့အာရုံနဲ့သူ ငြိမ်သက်ကာ တုံ့ဆိုင်းလို့ နေသည်။"ဂျောင်ဂု.....မေးနေတာ ဖြေလိုက်ဦးလေ..."
ယွန်းဆောက ဂျောင်ဂု လက်မောင်းကို ထိကာ သတိပေးမှ အတွေးတို့ပြန်ဝင်လာရ၏။
"ဟင်...ဘာမေးလိုက်တာလဲ?"
"အဟမ်း....သတို့သားက ရင်ခုန်လွန်ပြီးစိတ်လှုပ်ရှားနေပုံပဲ....နောက်ထပ်တစ်ခေါက် ပြန်မေးပေးပါ့မယ်...သတို့သား ဂျွန်ဂျောင်ဂု အနေနဲ့ သတို့သမီး ဟာယွန်းဆော ဖြစ်သူအပေါ် ဘယ်ချိန်မဆို အေးအတူပူအမျှနဲ့ ကောင်းခြင်းဆိုးခြင်းတွေအတွက် နားလည်မှုကို အခြေခံကာ တစ်သက်လုံး လက်တွဲသွားပါ့မယ်လို့ ကတိပေးနိုင်ပါသလား..."
သင်းအုပ်ဆရာမှ ချောင်းဟန့်သံတစ်ချက်ပြုကာ မေးခွန်းအား ဒုတိယအကြိမ်ထပ်မေးသည်မို့...
"ဟုတ်ကဲ့.....ကျွန်တော်..."
ဂျောင်ဂု အသိကပ်ကာ ပြန်ဖြေမလို့ လုပ်လိုက်ပေမယ့် နားထဲမှာ စီခနဲ အသံနဲ့အတူ ခေါင်းထိုးက်ိုက်လာတာမို့ လက်နဲ့ဖိထားပြီး မျက်လုံးမှိတ်လိုက်စဥ် အမြင်အာရုံထဲ၌ ရုပ်ရှင်အနှေးပြကွက်လိုမျိုးပေါ်လာသည့် ပုံရိပ်တွေ။
မျက်လုံးပြာလေးများရှိပြီး ရွှေအိုရောင်ဆံပင်နဲ့ကောင်လေးက သူနဲ့ဆင်တူ ကျောင်းဝတ်စုံကို ဝတ်လို့ထား၏။
ထိုမှ တစ်ဆင့် ပန်းခြံထဲ သူတို့နှစ်ယောက် လက်ချင်းတွဲကာ ရယ်မောလျက် ပြေးနေကြသည့် ပုံရိပ်များ။
ပန်းပင်တွေစိုက်ပျိုးထားသည့် ဖန်လုံအိမ်ထဲ၌ တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားကြတာ တွေပါမြင်ရပြီး နောက်မှာတော့ သူနဲ့အတူ ခုတင်တစ်ခုတည်းမှာလှဲအိပ်ပြီး စကားပြောနေပြန်သည်။
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)