{5}

10K 1.2K 126
                                    

"ခြေထောက်က ခိုက်မိထားတာလား ထယ်ယောင်း..."

ထယ်ယောင်း ကျောင်းသွားဖို့ အခန်းထဲကထွက်လာတော့ ဂျီဟွမ်နဲ့ဆုံသည်။
ပတ်တီးစည်းထားသည့် ခြေထောက်ကို  မြင်ဖြစ်အောင်မြင်သွားပြီး မေးနေတာမို့..

"ကျောင်းမှာ အားကစားလုပ်ရင်း နည်းနည်း ခိုက်မိသွားတာပါ...."

"ဂရုစိုက်မှပေါ့ ထယ်ယောင်းရယ်...အခုရော ဘယ်လိုနေသေးလဲ...မဖြစ်သေးပါဘူး ကိုကိုနဲ့အတူ ဆေးရုံသွားကြမယ်.."

"ကျွန်တော် အဆင်ပြေတယ်....ဆေးရုံသွားရလောက်တဲ့အထိတော့ ဒဏ်ရာကမပြင်းထန်ပါဘူး.."

"ဒါဆို ကိုကို ဒီနေ့ ကျောင်းလိုက်ပို့မယ်....ဟုတ်ပြီလား.."

ခေါင်းပေါ်က ဆံပင်တွေဆီလက်လှမ်းလာသော ဂျီဟွမ့်ရဲ့လက်ကို ‌ထယ်ယောင်းက ကိုယ်ကို စောင်းကာတိမ်းရှောင်ပစ်လိုက်၏။

"ရပါတယ် ကားငှားသွားလိုက်မယ်..."

"ကိုကို့ကို ဘာလို့  စိမ်းကားနေတာလဲ ထယ်ယောင်း.."

"ကျစ် ကျေးဇူးပြုပြီး အဲ့ဒီ အခေါ်အဝေါ်ကို မသုံးလို့မရဘူးလား..."

"မင်း ငယ်ငယ်က ဒီလိုပဲ ခေါ်နေကြမို့ အကျင့်ဖြစ်နေပြီ.....ပြောင်းလို့မရတော့ဘူး..."

ဟုတ်ပါတယ်။သူပြောသလို ကျွန်တော်ခေါ်ခဲ့ဖူးတာ မှန်ပေမယ့် အဲ့တုန်းက ကလေးအရွယ်မို့ပါ။တစ်ဦးတည်းသောသားမို့ မောင်နှမရှိဖို့ မျှော်လင့်ခဲ့ဖူးသည်။
ဖေဖေက ထယ်ယောင်းအတွက် အဖော်ရအောင်ဆိုပြီး အစ်ကိုဂျီဟွမ်ကိုခေါ်လာခဲ့တုန်းက အပျော်ဆုံးသူဟာ ထယ်ယောင်းပါပဲ။
ကစားဖော်အဖြစ် အစ်ကိုတစ်ယောက်ရလာလို့ ထယ်ယောင်း အရမ်းကို သံယောဇဉ်တွယ်ခဲ့မိ၏။
ဒါပေမယ့် လူ့စိတ်ဆိုတာက အရမ်းကြောက်စရာကောင်းမှန်း ထယ်ယောင်း အရွယ်ရောက်လာချိန်မှာ နားလည်ခဲ့ရပါသည်။

"ကိုကို ပြောတာ နားထောင်နေရဲ့လား ထယ်ယောင်း..."

"ကျွန်တော် ငယ်ငယ်က ခေါ်မိတဲ့ အခေါ်ဝေါ်ကို အခုမေ့ပစ်လိုက်ပါတော့....ကျွန်တော်တို့ ရင်းနှီးခဲ့ဖူးတဲ့ အချိန်ကာလကို ကျွန်တော်ကတော့ မေ့ပစ်လိုက်တာကြာပြီ...သွားလိုက်ပါဦးမယ်..."

The Alpha Zone (Completed)Where stories live. Discover now