{ 35 - part 1 }

8.8K 935 104
                                    

‌"ကျောင်းသားတစ်ယောက်ထိခိုက်မိတယ်ဆိုလို့ ‌ဘယ်သူများလဲ မှတ်တယ် မင်းပဲကိုး....ဒီတစ်ခေါက်ရော ဘာဖြစ်ပြန်တာလဲ ကိုရှပ်ပြာလေး .."

လေ့လာရေးခရီး၌ ကျောင်းမှ ဆေးအဖွဲ့လည်းပါတာမို့ ဆရာဝန်ဖြစ်သည့် အစ်ကိုထယ်ဂျွန်းက အခန်းထဲ ဝင်လာလာချင်းမှာပင် ထယ်ယောင်းအား စနောက်လို့နေသည်။
ကြည့်ရတာ အခြားကျောင်းသားတစ်ယောက် ထိခိုက်မိတယ်ထင်ပြီး ကြည့်ပေးဖို့ ရောက်လာခဲ့ပုံပါပဲ။

"သူက ရှပ်ပြာလို့ ထိခိုက်တာမဟုတ်ပါဘူး... မတော်တဆ လျှောကျသွားလို့ ဖြစ်ရတာ.."

ထယ်ယောင်းဘေးနား၌ရပ်နေသော ဂျောင်ဂုက ထိုသို့ ဝင်ပြောသည်မို့ အစ်ကိုထယ်ဂျွန်းအား အနည်းငယ်အားနာသွားမိပြီး စိတ်ကွက်သွားမှာကို စိုးရိမ်မိသွားရ၏။
သို့သော် ထယ်ယောင်းထင်သလိုမဟုတ်ပဲ အစ်ကိုထယ်ဂျွန်းမျက်နှာက ပြုံးလျက်ပဲရှိနေကာ..

"ဪ မင်းသား‌လေးလည်း ရှိနေတာပဲကိုး....ထယ်ယောင်းရေ မင်း ‌ထိခိုက်တိုင်း ဆေးခန်းကို ခေါ်လာပေးတဲ့သူကလည်း မပြောင်းဘူးနော်...ကဲ ဘယ်နားထိခိုက်ထားတာလဲ ပြဦး..."

စနောက်ကာ ထယ်ယောင်းနားရပ်ရင်း မေးမြန်းနေတဲ့ အစ်ကိုထယ်ဂျွန်းကို ဂျောင်ဂုက နားမလည်သလို မျက်ခုံးကျုံ့ကာ ကြည့်နေပြီး ဘာမှတော့ထပ်မပြော။

"ခြေထောက်အဆစ်နည်းနည်းလွဲသွားတာပဲ....အခန့်မသင့်လို့ဖြစ်သွားတာမို့ သိပ်ပြီး အထွေထူးမရှိပါဘူး...ဒဏ်ပြေဆေးပူပူလေးလိမ်းပြီး တစ်ရက်လောက်ပါတ်တီးစည်းထားလိုက်ရင် သက်သာသွားမှာပါ...."

"ဟုတ်ကဲ့ပါ.. "

ထယ်ယောင်းရဲ့ခြေထောက်ကိုဆေးလိမ်းကာ ပါတ်တီးဖြင့် ကျွမ်းကျင်စွာစည်းနှောင်ပြီးသည့်အခါမှာတော့ အစ်ကိုထယ်ဂျွန်းရဲ့တာဝန်က ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
ဒါကြောင့် ဆေးပစ္စည်းတွေကို အိတ်ထဲပြန်ထည့်ကာသိမ်းပြီးနောက် မတ်တပ်ထရပ်လိုက်သည့် အစ်ကိုထယ်ဂျွန်းက ထယ်ယောင်းရဲ့ ဆံပင်တွေကို ဆွဲဖွကာ..

"ခြေထောက်က သက်သာသွားမှာမို့ စိတ်မပူနဲ့...နောက်တစ်ခါ ထပ်ပြီး မထိခိုက်စေနဲ့တော့....သေချာဂရုစိုက် ထယ်ယောင်းလေး.."

The Alpha Zone (Completed)Where stories live. Discover now