Extra

14.7K 845 151
                                        

သပ်ရပ်သန့်ရှင်းနေသော မီးဖိုချောင်ထဲ၌ တိတ်တဆိတ်ဖြင့် ညနေစာပြင်နေသူ တစ်ဦးရှိနေသည်။‌သူနဲ့မလှမ်းမကမ်းမှာတော့ လမ်းလျှောက်တွန်းလှည်းလေးထဲ၌ ချိုလိမ်စုပ်ကာ ငြိမ်သက်နေသည့် ရှစ်လအရွယ် ကလေးတစ်ယောက်လည်းရှိသည်။ဒါ့အပြင် ထိုကလေးရဲ့တွန်းလှည်းနား ငြိမ်သက်စွာဝပ်နေသည့် မီးခိုးနဲ့အနက်ရောင်စပ်ကြား wolf ကြီးပါ ရှိနေ၏။သူရဲ့ Luna အလုပ်လုပ်နေတာကို  ကူညီပေးဟန်ဖြင့် အေးဆေးတည်ငြိမ်စွာဝပ်နေရင်း ကလေးလေးကို စောင့်ကြည့်ပေးနေသည်။

"ယူဗြောလေးးးခနလေးပဲစောင့်ရင် မန်မန်းးးရပြီနော်..."

ထယ်ယောင်းက သားကို အသံပြုလိုက်ရင်း လက်မှလည်း လုပ်စရာရှိတာကို ဆက်လုပ်နေမိသည်။
ဟိုဟိုဒီဒီအလုပ်များနေတဲ့ ထယ်ယောင်းက အဖြူရောင် ရှပ်အင်္ကျီကို အညိုရောင် ဘောင်းဘီရှည်ဖြင့် ရိုးရှင်းစွာ ဝတ်ဆင်ထားသည့်တိုင် သွယ်လျလျခန္ဓာကိုယ်လေးက ကျော့ရှင်းလို့နေ၏။
ယောင်္ကျားလေးဆိုပေမယ့် ပြေပြစ်နေတဲ့ခန္ဓာကိုယ်ကောက်ကြောင်းပိုင်ရှင်က အခြားသူမှမဟုတ်ပဲ‌လေ။တော်ဝင်မင်းသား ဂျွန်ဂျောင်ဂု၏ ကြင်ယာတော်လေး ကင်မ်ထယ်ယောင်းပဲမဟုတ်လား။သူ့ ခေါင်းလေးကို ဘယ်ညာလှုပ်ရှားလိုက်တိုင်း ရွှေအိုရောင်ဆံပင်လေးတွေဟာ ဝဲခနဲ။ကြည်ပြာရောင်မျက်ဝန်းတွေဟာလည်း အားရုံစူးစိုက်ထားမှုကြောင့် တလဲ့လဲ့တောက်ပလို့နေကြသည်။
သိပ်မကြာခင် သူ့ရဲ့ ခင်ပွန်းနဲ့ကလေးတွေ ပြန်လာကြတော့မည်။

ဂျောင်ဂုနဲ့သူ့ရဲ့ အိမ်ထောင်သက် ခုနှစ်နှစ်အတွင်းမှာ ဂျောင်ဂုဖြစ်စေချင်သလို ရင်သွေးငါးယောက်တိတိ ပိုင်ဆိုင်ထားပြီးပြီ။
သားကြီး ဂျွန်ဟန်ဗြော၊ဒုတိယသားလေး ဂျွန်ဝန်းဗြောနဲ့တတိယအကြိမ် ကိုယ်ဝန်ဆောင်ခဲ့စဉ်မှာ အမြွှာလေးနှစ်ယောက်ကိုရခဲ့ပြီး သမီးလေးတွေ နာမည်က ဂျွန်အွန်းဗြောနဲ့ဂျွန်ဆယ်ဗြော၊နောက်ဆုံးအထွေးဆုံးလေးကတော့ တစ်အိမ်လုံးရဲ့ အသဲကျော် ဂျွန်ယူဗြောလေးပါပဲ။

အသင့်ဖျော်ထားသည့် နို့ဘူးလေးကို လက်ဖမိုးပေါ် အစက်ချကြည့်ပြီး အပူချိန်အဆင်ပြေတယ်ဆိုမှ  သားငယ် ယူဗြောဆီယူသွားပေးလိုက်ကာ တိုက်ရတော့၏။

Has llegado al final de las partes publicadas.

⏰ Última actualización: Mar 26, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

The Alpha Zone (Completed)Donde viven las historias. Descúbrelo ahora