"ဖေဖေ..."
"ဗြော....သားလေး.."
သတိပြန်ရလာတဲ့ သားထံမှ ခေါ်သံကြောင့် ထယ်ယောင်း သားရဲ့အနားကို အပြေးလွှားပဲ ရောက်သွားရသည်။သားက ဆေးရုံကို သတိလစ်လျက်အနေအထားနဲ့ရောက်လာခဲ့တာလေ။
"ဗြော....တစ်နေရာရာကနာနေသေးလား....နာတာရှိရင် ဖေဖေ့ကို ပြောနော်.."
"သား မနာပါဘူး ဖေဖေ...."
"တော်သေးတယ်...တကယ် တော်ပါသေးတယ်.."
သား အဆင်ပြေတဲ့ပုံစံကိုတွေ့ရမှ ထယ်ယောင်း စိတ်အေးသွားရသည်။ဒါပေမယ့် ထိန်းချုပ်ခဲ့ရတဲ့ အပူမီးတို့ကြောင့် သားကို ဖက်ထားရင်း ငိုမိသည်။သားသာ တစ်ခုခုဖြစ်သွားခဲ့ရင် ထယ်ယောင်း သေလိမ့်မှာ။
"မငိုပါနဲ့ ဖေဖေ....ဗြော အဆင်ပြေပါတယ်...."
ဗြောက ထယ်ယောင်းရဲ့မျက်ရည်တွေကို လက်သေးသေးလေးနဲ့သုတ်ပေးလာသည်။
"အင်းပါ ဖေဖေက ဝမ်းသာလို့ ငိုမိတာပါ...သားသာ တစ်ခုခုဖြစ်သွားရင်လေ ဖေဖေ အသက်ရှင်နိုင်မယ် မထင်ဘူး....ဖေဖေ့အတွက် သားက အရေးကြီးဆုံးပဲ..."
"သား နည်းနည်းမှ မနာပါဘူး....ဒါပေမယ့် ဦးဦးက အများကြီး နာသွားမယ် ထင်တယ်.....ဦးဦးရောဟင်.."
"ဦးဦးက ဟိုဘက်ခုတင်မှာ ရှိပါတယ်..."
ဗြောက တစ်ဖက်ခုတင်ဆီကို လှမ်းကြည့်သည်။
ဂျောင်ဂုဟာ ခုတင်ပေါ်မှာ မေ့မြောနေဆဲဖြစ်ကာကားတိုက်မှုကြောင့် ခေါင်းမှာ အနည်းငယ်ထိသွားပြီး ခြေထောက်အရိုးအက်သွားတာမို့ ခေါင်းနဲ့ခြေထောက်မှာ ပါတ်တီးဖွေးဖွေးတို့က နေရာယူထား၏။"ဖေဖေ.....ဦးဦးက သေသွားတာလားဟင်...."
"မဟုတ်ပါဘူး ဗြောလေး.....ဦးဦးက နည်းနည်း ဒဏ်ရာများလို့ ဆေးကုပြီး အိပ်ပျော်နေတာပါ.... ဒါပေမယ့် စိတ်မပူနဲ့နော်...သိပ်မကြာခင် နိုးလာတော့မှာပါ...."
ဗြောက စိုးရိမ်နေတဲ့ မျက်လုံးလေးတွေနဲ့သူ့အဖေကို လှမ်းကြည့်နေရင်းကနေ မေးလာသည်မို့ ထယ်ယောင်း ဖြေလိုက်သည်။စောနက ဖြစ်စဉ်တစ်ခုလုံးကို ပြန်တောင် မတွေးကြည့်ရဲ။ကားလမ်းမပေါ်ရပ်နေတဲ့ဗြောကို ဂျောင်ဂုက သူ့ခန္ဓာကိုယ်နဲ့အပြည့်အဝကာကွယ်ကာ လှဲချလိုက်တာမို့ ဗြောဆီမှာ ပွန်းပဲ့ရာအနည်းငယ်ကလွဲရင် ကြီးကြီးမားမား မဖြစ်လိုက်။
ကားနဲ့တိုက်မိပြီး သားရောဂျောင်ဂုပါ လမ်းမပေါ်လိမ့်သွားချိန် ထယ်ယောင်း အမြင်အာရုံတွေဝေဝါးသွားတော့တာ...
သားနဲ့သူ နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ ထိခိုက်မိရင် ထယ်ယောင်း ရင်ကွဲမှာ...
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)