{ Final }

9.5K 863 104
                                    

တိတ်ဆိတ်နေဆဲဖြစ်တဲ့ မနက်ခင်းအချိန်ကခြောက်နာရီဝန်းကျင်လောက်ပဲရှိသေးတယ်ဆိုပေမယ့် မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေတဲ့သူက ထယ်ယောင်းပါ။
ဒီဇင်ဘာမို့ ပါတ်ဝန်းကျင်က မြူဆိုင်းကာ ရာသီဥတုကလည်း အေးစိမ့်စိမ့်။
ဒီလိုရာသီဥတုမျိုးမှာ စောင်ပုံထဲကွေးနေရမယ်ဆိုပေမယ့် ဒီနေ့က အရမ်းကို တန်ဖိုးရှိတဲ့ နေ့ကလေးမို့ ထယ်ယောင်းဒီလိုမျိုး စောစောနိုးနေခဲ့တာဖြစ်သည်။

ဒီနေ့က ဟန်ဗြောလေးရဲ့ ခြောက်နှစ်ပြည့် မွေးနေ့ပါ။
ဒါကြောင့် ထယ်ယောင်းကိုယ်တိုင် မွေးနေ့ကိတ်လေးကို ပြင်ဆင်ပေးချင်တာကြောင့် အခုလို စောစောနိုးနေတာ။
သားနဲ့ဂျောင်ဂုကတော့ အိပ်ပျော်နေကြတုန်းပင်။

လိုအပ်တာတွေ ထုတ်ရင်း စိတ်တို့လည်း လှုပ်ရှား‌ နေမိသည်။ YouTube ကနေတစ်ဆင့် ကိတ်မုန့်ဖုတ်သည့်နည်းလမ်းကို လွန်ခဲ့သည့် တစ်ပါတ်လောက်တည်းက ရှာကြည့်ခဲ့ပေမယ့် ဒီနေ့အတွက် လက်‌‌တွေ့လုပ်ရမှာမို့ အလွန်တရာမှ စိတ်လှုပ်ရှားလို့နေရသည်။

"ဒါက မှန်ရဲ့လားပဲ.."

အညွှန်းကို သေချာမှတ်ထားပေမယ့် အနည်းငယ် ဇဝေဇဝါဖြစ်နေတာမို့ YouTube ဖွင့်ပြီးပြန်ကြည့်ရန် ပြင်လိုက်မိသည်။
ကိတ်မုန့်လုပ်နည်း video မရှာရသေးခင် အရင်ဆုံး သတင်းဆောင်းပါးနဲ့ VD clip တစ်ခုက တက်လာသည်။ဒါက သုံးလကျော်အချိန်ရှိသွားသည့်တိုင် တက်နေဆဲပဲ။အင်းပေါ့လေ တော်ဝင်စံအိမ် က ဆက်ခံသူ မင်းသားငယ်ရဲ့ ဆုံးဖြတ်ချက်က မီဒီယာ တော်တော်များများကို ကိုင်လှုပ်စေခဲ့တဲ့ သတင်းထူးကြီးပဲလေ။

" ဘာတွေလုပ်နေတာလဲ?"

ထယ်ယောင်း အတွေးများနေတုန်း ဂျောင်ဂုက အနားသို့ရောက်လာတာမို့ လက်ထဲက ဖုန်းကို ဘေးသို့ အသာချလိုက်ရင်း...

"ဆောရီး ငါ ဆူညံနေတာကြောင့် မင်းကို နှိုးမိသလိုဖြစ်သွားတာလား?"

"ဟင့်အင်း မဟုတ်ပါဘူး....ရေဆာတာနဲ့ထလာတာ..."

အိပ်ယာနိုးခါစမှာတောင် ဂျောင်ဂုမျက်နှာချောချောက ကြည်လင်ရှင်းသန့်လို့နေသည်။
ဒီသုံးလအတွင်း ထယ်ယောင်းတို့မိသားစုဘဝလေး အေးချမ်းလို့ ပျော်ရွှင်ခဲ့ရ၏။
စိတ်သစ်ကိုယ်သစ် ပါတ်ဝန်းကျင်အသစ်မှာ သားအဖသုံးယောက်အတူတူရှိနေရတာက ဘာနဲ့မှမလဲနိုင်သော သုခဘုံပင်။

The Alpha Zone (Completed)Where stories live. Discover now