"မင်း ဘာတွေလျှောက်လုပ်နေတာလဲ ဂျွန်ဂျောင်ဂု..."
သခင်ကြီးဂျွန်ဟာ အလွန်တရာစိတ်ဆိုးနေသောမျက်နှာထားနဲ့ သူ၏ သားဖြစ်သူအား ဆူပူလို့နေသည်။
ယခုကဲ့သို့ စိတ်ဆိုးရတဲ့ အကြောင်းရင်းက ယနေ့သတင်းစာရဲ့ ခေါင်းစည်းပိုင်းမှာ ပါလာသည့် သတင်းကြောင့်ပဲဖြစ်၏။သတင်းထောက်တို့ရဲ့ ထုံးစံအတိုင်း အရှိထက်ပိုကာ ချဲ့ကားရေးထားသောကြောင့် အခုလို အထင်လွဲစရာကိစ္စများဖြစ်လာခြင်းပင်။"ပြောလေ....သူတို့ရေးထားတာ တကယ်ပဲလား....မင်း ရည်းစားထားနေတာလား.?"
ဂျောင်ဂု ပြန်မဖြေမိ။
ရည်းစားထားတာမှန်ပေမယ့် အခုလိုအခြေနေမှာ ထုတ်ပြောဖို့ မလွယ်ကူသေးဘူးလေ။သတင်းစာထဲမှာရေးသားထားကြတာက တော်ဝင်စံအိမ်မှ မင်းသားငယ်၏ လျှို့ဝှက်သော တစ်စုံတစ်ယောက်တဲ့။ဒါကြောင့် ချစ်သူရည်းစားများလားဟူ၍ ထင်ကြေးပေးကာ ပြောဆိုထားသည်မှာ အွန်လိုင်းမှာရော၊သတင်းထဲမှာပါ ပျံ့နှံ့လို့နေတာ။
ဘယ်လောက်တောင်လှတဲ့ Omega မို့ ဖုံးကွယ်ထားရသလဲဆိုတဲ့မေးခွန်းတွေရော....
ထယ်ယောင်းကို သူဖွက်ထားတယ်ဆိုတာ အထိပါ အဖေမသိလို့။အဲ့ဒါသာသိရင် ပြဿနာကရှင်းလို့နိုင်တော့မှာမဟုတ်ဘူး။"တစ်ခုခုပြောစမ်းပါ.....သူတို့ရေးထားသလို မင်းမှာလျှို့ဝှက်ချစ်သူရှိနေတယ်ဆိုတာ ဟုတ်လား..."
"မဟုတ်ပါဘူး.."
"ဒါဆ်ို ပုံထဲက ဘယ်သူလဲ..."
အဖေ က သတင်းစာပေါ်ကို လက်ညိုးထောက်ကာ ပြလာသည့် နေရာတွင် ထယ်ယောင်းကို ပွေ့ချီကာ ဆေးရုံကားဆီခေါ်သွားနေသည့် ဂျောင်ဂုပုံရိပ်က အထင်းသား။
ကံကောင်းတာတစ်ခုက ထယ်ယောင်းကို အင်္ကျီနဲ့မျက်နှာကာပြီးမှ ချီခဲ့တာကြောင့် ဘယ်သူမှန်းသူတို့ သေချာမသိကြတာပင်။သို့သော် တစ်စွန်းတစ်စထွက်နေသည့် ရွှေအိုရောင်ဆံပင်လေးများကတော့ လုံအောင်မဖုံးနိုင်ခဲ့။
ဒါကြောင့် လက်ရှိမှာ ဒီသတင်းက အမျိုးမျိုး ခန့်မှန်းပြီးပြောလို့ရနေသော သတင်းတစ်ပုဒ်အဖြစ် နေရာယူနေတာ။"သူက သူငယ်ချင်းပါ....ကျွန်တော့်သူငယ်ချင်း.."
"သူငယ်ချင်းဆိုလည်း ဘာလို့ ဒီလိုပုံတွေအထိထွက်လာတာလဲ...သူကရော အခုဘယ်မှာလဲ...ဒီသတင်းတွေတက်နေတာမသိဘူးလား.."
![](https://img.wattpad.com/cover/346858948-288-k498197.jpg)
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)