{24}

9.9K 1.2K 203
                                    

"ဟိတ်!!"

ဆရာမတစ်ဦးယူခိုင်းလိုက်သော အလှပန်းအိုးငယ်ကို ဂရုတစိုက်ကိုင်ပြီး ကျောင်းရဲ့ရုံးခန်းဆီသို့သွားနေသည့် ထယ်ယောင်းရှေ့ ရုတ်တရက်ကြီး ရောက်လာတဲ့ ချန်းဟိုကြောင့် လန့်ကာအော်မိတော့မလိုပင်ဖြစ်သွားရသည်။
ဒီကောင်ကအမြဲဒီလို အကွေ့တွေ၊အကွယ်တွေကနေ မကြာခနဆိုသလိုထွက်ထွက်လာနေတာ မသိရင် သရဲတစ္ဆေကျနေတာပဲ။

"လန့်လိုက်တာ...မင်းကြောင့် ငါ့လက်ထဲက ပန်းအိုး ပြုတ်ကျတော့မယ်မလား..."

"အိုးးဆောရီးပါ ထယ်ယောင်းရယ်....ငါက မင်းပန်းအိုး ကိုင်လာတယ်ဆိုတာ မသိလို့ပါ...ဒါနဲ့ ရှေ့ရက်တုန်းက ဘာလို့ကျောင်းမလာတာလဲ.."

"ကျစ်....ငါခရီးသွားနေလို့ကွာ....သိချင်တာသိရပြီဆိုလည်းရှေ့ကနေဖယ်ပေးတော့.. ငါ လေးနေပြီ..."

ပိတ်ရပ်နေတာကို ဖယ်ပေးဖို့ပြောလိုက်ပေမယ့် လက်ထဲက ပန်းအိုးသာလုခံလိုက်ရသည်။

"ဒါ ဘာလုပ်တာလဲ..."

"လေးတယ်ဆိုလို့ ကူသယ်ပေးတာလေ...ကဲ ပြော ဘယ်ကိုပို့ပေးရမလဲ..?"

တွေ့လိုက်တိုင်း  ပြုံးချိုနေတဲ့မျက်နှာနဲ့ ဂူချန်းဟို။သူက ဘာလို့ ထယ်ယောင်းကို လ်ိုက်ကပ်တွယ်‌နေမှန်းကို နားမလည်တော့ဘူး။အခုလည်း ပန်းအိုးက အရမ်းကြီးလေးတာတော့ မဟုတ်ပေမယ့်လည်း မ နေကြမဟုတ်တော့ လက်ချောင်းတွေအနည်းငယ်တော့နာသည်။ဒါပေမယ့် သူများကို သယ်ခိုင်းရလောက်တဲ့အထိတော့ ထယ်ယောင်းက မပျော့ညံ့ပါ။

"မလိုဘူး ရတယ် ငါ့ကိုပဲပြန်ပေး...."

ထယ်ယောင်း ပြန်လုလိုက်တော့ ချန်းဟိုက မျက်ခုံးတစ်ဖက်ပဲပင့်ကာ ဘာမှထပ်မပြော။
ဒါပေမယ့် သူက ထယ်ယောင်းမျက်နှာအားအနီးကပ်ငုံ့ကြည့်ကာပြုံးနေတာမို့ လူကမလုံမလဲ။
ကိုယ့်မျက်နှာမှာများတစ်ခုခုရှိနေသလားပေါ့။ဂရုမစိုက်ပဲ ဆက်သွားဖို့ပြင်လိုက်ပေမယ့်...

"ခနလေးနော်..."

ထယ်ယောင်းရဲ့ဆံပင်တွေပေါ် ချန်းဟိုလက်လှမ်းကာ တစ်ခုခုလုပ်တာကို ခံစားမိတာမို့ ရှောင်လိုက်ရင်း...

The Alpha Zone (Completed)Where stories live. Discover now