{8}

9.7K 1.2K 158
                                    

"ဖွားဖွားကြီးတို့တားလည်း ကျွန်တော် အဆောင်မှာပဲနေမှာ..."

မင်းသားငယ်ရဲ့ ဂျစ်တိုက်သလို လေသံကြောင့် အဖွားဖြစ်သူက ရင်မောသလို သက်ပြင်းချသည်။

"အဆောင်မှာဆို ငါ့မြေးလေး စိတ်ကျဉ်းကျပ်ရမှာလေ....ဒီအတိုင်း အိမ်ကနေပဲ တက်ပါကွယ်..."

"မရပါဘူး ဖွားဖွားကြီး....ကျွန်တော်လည်း တစ်ခါလောက်တော့ ကျောင်းသားဘဝကို သာမာန်လူတွေလို လွတ်လွတ်လပ်လပ်နေချင်တယ်..."

"အခုလည်း မြေးစိတ်တိုင်းကျ အကုန်လုပ်ပေးနေတာပဲမဟုတ်လား....အဆောင်နေဖို့ကတော့ မြေးအဖေလည်း သဘောတူမယ်မထင်ဘူး.."

"အဖေ သဘောတူအောင် ဖွားဖွားကြီးကပြောပေးပေါ့....နော်...ဖွားဖွားကြီး..."

အဖွားကိုဖက်ကာကပ်ချွဲနေပြီမို့ မပြုံးပဲမနေနိုင်တော့။ဒီကလေးကလိုချင်ပြီလုပ်ချင်ပြီဆိုရင် ရတဲ့အထိကို ခေါင်းမာတက်တာ။ငယ်ငယ်တည်းက စိတ်အငြိုငြင်မခံပဲ အကုန်ဖြည့်ဆည်းပေးခဲ့တာမို့ အဲ့ဒီအကျင့်လေးဟာအရွယ်ရောက်တဲ့အထိ ကပ်ပါနေတုန်းပဲ။

"ပြောကြည့်ပေးမယ် သေချာပေါက် ရမယ်လို့တော့ ကျုပ်အာမမခံဘူးနော်....မင်းအဖေအကြောင်းသိတယ်မဟုတ်လား....ပြီးတော့ သိပ်မကြာသေးခင်ကပဲ မင်းတောင်းဆိုတာတစ်ခုကို လုပ်ပေးခဲ့တယ်လေ..."

"ဒါပေမယ့်လည်း ရအောင်ပြောပေး ဖွားဖွားကြီး.....ဟန်ဘင်းနဲ့ဂျီအွန်းတို့လည်း နေမှာ..."

"ကဲပါ ဟုတ်ပါပြီ..ကလေးလို ဂျီနေတာ ရပ်တော့....ဒါနဲ့ ဟိုတစ်လောက အနိုင်ကျင့်တယ်ဆိုတဲ့ ကလေးတွေကို မင်းအဖေအမိန့်နဲ့ကျောင်းထုတ်လိုက်ပြီဆို ..."

ဂျောင်ဂုဂီက ရှေ့ရက်ပိုင်းတွေတုန်းက သူ့အဖေဆီမှာ ကိစ္စတစ်ခုအားအကူညီတောင်းခဲ့တာဖြစ်၏။
အဲ့ဒါက ကျောင်းမှာ ဆိုးသွမ်းနေတဲ့ ကျောင်းသားအချို့ကို စည်းကမ်းထိန်းသိမ်းရေးကော်မတီနဲ့အညီ အရေးယူပေးပါဆိုပြီး ဖြစ်စဉ်အစဆုံးရဲ့ CCTV မှတ်တမ်းကိုပါ ယူလာခဲ့တာဖြစ်သည်။
ဒါကြောင့် ဂျောင်ဂုအဖေက တော်ဝင်စာလွှာကို ကျောင်းသို့ပို့လိုက်တာနဲ့တစ်ပြိင်နက် ‌ထိုကျောင်းသားတွေအပြစ်ပေးခံလိုက်ရတာပဲ။

The Alpha Zone (Completed)Where stories live. Discover now