"ကျွန်တော် ပြန်ရောက်ပါပြီ..."
အိမ်ပြန်ရောက်ကြောင်း အသံပြုလိုက်ပေမယ့် တိတ်ဆိတ်နေတဲ့ ထယ်ယောင်းရဲ့အိမ်။
ဘာမှဖြစ်မလာမှန်းသိပေမယ့် အိမ်ထဲကို လှမ်းကြည့်ရင်း မသိစိတ်ထဲကပါမျှော်လင့်နေမိတုန်းပဲ။"ဟော သခင်လေး ရောက်လာပြီလား....အထဲဝင်လာမှပေါ့..."
အိမ်တော်ထိန်းဦးလေးကြီးက ပြေးထွက်လာရင်း ထယ်ယောင်းလက်ထဲက လွယ်အိတ်ကို လှမ်းယူနေတာမို့....
"ကျွန်တော့်ဘာသာသယ်ပါ့မယ် ဦးလေးကြီး....ကျွန်တော် ငရဲကြီးနေပါဦးမယ်.."
"မဟုတ်တာ သခင်လေးရယ် ပေးပါ.."
ထယ်ယောင်း တားသည့်တိုင် ဦးလေးကြီးကလက်မခံ။လွယ်အိတ်အား လက်လွှဲယူသွားလေသည်။
ဦးလေးကြီးက ထယ်ယောင်းငယ်ငယ်တည်းကထိန်းကျောင်းလာသည့်သူမို့ သူ့အတွက် အိမ်တော်ထိန်းဆိုတာထက် ဦးလေး အရင်းတစ်ယောက်လိုဖြစ်နေတော့တာပါပဲ။"ဒါနဲ့ မေမေရောဟင် ဦးလေးကြီး..."
"သခင်မကြီးက ဈေးဝယ်ထွက်သွားပါတယ်....သခင်လေးအတွက် ညနေ စာချက်ပေးမလို့တဲ့လေ....သခင်ကြီးတော့ ရှိတယ်....နည်းနည်းနေမကောင်းတာမို့ အလုပ်မသွားဘူး..."
ပုံမှန်အိမ်မှာမရှိသည့် ဖေဖေက နေမကောင်း၍ အလုပ်မသွားဘူးဆိုတာသိရတော့လည်း ထယ်ယောင်းစိတ်ပူမိသည်။
"အရမ်းဖျားနေတာလားဟင်..."
"အဲ့လိုတော့မဟုတ်ပါဘူး....အသက်ကြီးလာတော့ ကိုယ်လက်နာကျင်တာလောက်ပါပဲ....သခင်လေး သွားတွေ့လိုက်ဦးလေ..."
"ဟုတ်ကဲ့ ဦးလေးကြီး.."
မိမိကို ဘယ်လောက်ပဲထိန်းချုပ်တက်တဲ့ အဖေဖြစ်ပါစေဦး မိဘတစ်ယောက်ပဲမို့ ထယ်ယောင်းမျက်နှာမလွှဲရက်ပါ။
မိဘတွေအခန်းရှေ့ရောက်တော့ တံခါးကို ဖွဖွညင်သာစွာခေါက်လိုက်သည်။"ဘယ်သူလဲ.."
"ကျွန်တော်ပါ ဖေဖေ.."
"ဪ ဝင်ခဲ့...လော့ခ်မချထားဘူး.."
ထယ်ယောင်း ဝင်သွားလိုက်တော့ ဖေဖေဟာ ခုတင်ထက်မှီ၍ ထိုင်နေလေ၏။
YOU ARE READING
The Alpha Zone (Completed)
FanfictionYa Amar = My Moon or My most beautiful (Alpha & Omega)