အပိုင်း၁။ အသက်၈နှစ်အရွယ် ကလေးတစ်ယောက်အဖြစ် ပြန်လည်ဝင်စားခြင်း။ အချက်အပြုတ်နတ်ဘုရ

2.6K 110 4
                                    

အပိုင်း၁။ အသက်၈နှစ်အရွယ် ကလေးတစ်ယောက်အဖြစ် ပြန်လည်ဝင်စားခြင်း။ အချက်အပြုတ်နတ်ဘုရားစားဖိုမှူးစနစ် နိုးထခြင်း။

“၁စတုရန်းမီတာကို ဒေါ်လာ၂၄၀၀၀။ အကျယ်အဝန်းက ၇၅စတုရန်းမီတာဆိုတော့…”

“ကြိုတင်ပေးချေငွေ ၄၀ရာခိုင်နှုန်းသွင်းပြီး  နှစ်၂၀ ‌‌ခွဲသွင်းရမယ် (အကြိမ်ရေ ၂၄၀)”

“အတိုးနှုန်းကတော့ ၄.၉ရာခိုင်နှုန်း”

ကောင်လေးတစ်ယောက်သည် ဧည့်ခန်းထဲရှိ စားပွဲထက်တွင် လှဲလျောင်း၍  စာရွက်နှင့်ဘောပင်တစ်ချောင်းကိုဘကိုင်ကာ ကိန်းဂဏန်းအရှည်ကြီးများကို လေးလေးနက်နက် တွက်ချက်နေလေသည်။

တွက်ချက်ပြီးနောက်တွင် ကောင်လေး၏ မျက်လုံးတို့မှာ  ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့၏။

“တစ်လကို ၇၀၆၈ယွမ်တောင် ဆပ်ရမှာပဲ”

“ဒါပေမဲ့ ငါက… အသက်၈နှစ်ပဲရှိသေးတဲ့ ကလေးလေးလေ”

ကောင်လေး၏ နာမည်မှာ ရှလဲ့ဖြစ်သည်။သူသည် ဝိဉာဉ်ကူးပြောင်းလာသူဖြစ်၏။

လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ရှလဲ့သည် အိပ်ဆောင်ထဲတွင် ဂိမ်းဆော့နေသည့် သာမန်တက္ကသိုလ်ကျောင်းသားလေးတစ်ယောက် ဖြစ်ခဲ့သည်။

သို့သော် ယခုတွင်တော့ ရှန်ဟိုင်းမြို့၊ ကျင်ကန်းဥယျာဉ်ရှိ သာမန်မိသားစုလေးတွင်နေထိုင်သည့် မူလတန်းကျောင်းသားအဖြစ်သို့ ကူးပြောင်းလာခဲ့လေသည်။

သူ၏မိဘနှစ်ပါးလုံးမှာ စားဖိုမှူးများဖြစ်ကြသည်။

ချက်ပြုတ်ခြင်း၏ စစ်မှန်သောအနှစ်သာများကို  ကြိုးစားအားထုတ်ရန်အတွက် သူ၏မိဘနှစ်ပါးသည် တမြန်နေ့ကပင် ချက်ပြုတ်ခြင်းဆိုင်ရာ လေ့လာခြင်းများ ထပ်မံပြုလုပ်ရန်အတွက် ပြင်သစ်သို့သွားခဲ့ကြလေသည်။

ထို့ကြောင့် အိမ်တွင် ရှလဲ့နှင့် အသက်၃နှစ်အရွယ် ညီမလေးသာလျှင် ကျန်နေခဲ့တော့သည်။

မသွားခင်တွင် သူ၏အဖေ‌ နောက်ဆုံးပြောခဲ့သည့် စကားများကို ရှလဲ့မှတ်မိပါသေး၏။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now