အခန်း၉။ စိတ်ခံစားလွယ်နေတာလေးလျှော့ပြီး အစားအသောက်ကို သေချာလေးစားလို့မရဘူးလားဗျာ!

668 68 0
                                    

အခန်း၉။ စိတ်ခံစားလွယ်နေတာလေးလျှော့ပြီး အစားအသောက်ကို သေချာလေးစားလို့မရဘူးလားဗျာ!

“အံ့ဩစရာပဲ..”

ဆရာမလီ အံ့အားသင့်သွား၏။

သူမ၏အမြင်အရတော့ ရှလဲ့ ဟင်းချက်သည်မှာ မျက်လှည့်ပြသွားသလိုပင်..။

အခုလေးတင် ကြက်ပေါင်ငါးချောင်းနှင့် မြေပဲတစ်ပန်းကန်ရှိနေရာမှ
ရနံ့မွှေးပျံ့၍ နီရဲရဲဖြင့် အရသာရှိလှသည့်ဟင်စပွဲအဖြစ်သို့ ပြောင်းလဲသွားသည်လေ။

ဆယ်မိနစ်မရှိသည့်အချိန်လေး၌ပင် ကုန်း‌ပေါင်ကြီးကြော်ဟင်းပွဲကို ချက်ပြုတ်ပြီးစီးသွားကာ ထမင်းစားပွဲပေါ်၌ အသင့်ဖြစ်သွားပေသည်။

အစပ်နံ့သင်းသင်းလေးကို ရလိုက်သည်နှင့် ဆရာမလီ၏ စားသောက်လိုစိတ်မှာ မြင့်တက်သွားရတော့သည်။

သူမ၏လက်သွယ်သွယ်များမှာ အခုချက်ချင်းပင် စားချင်နေပြီဟုပြောနေသကဲ့သို့ သူမ၏အင်္ကျီစကိုဆွဲဆုပ်ထား၏။

သို့သော် ဤသည်မှာ အဓိကဟင်းပွဲသာဖြစ်သည်။ ရှလဲ့မှာ အဓိကဟင်းပွဲ ထပ်လုပ်ရဦးမည်လေ။

ဂျုံကို‌တဆေးဖောက်ပြီးလေပြီ။ ရှုလဲ့ ဂျုံကိုထုတ်ယူလိုက်ပြီး ဆလင်ဒါပုံဖြစ်အောင် ဆွဲဆန့်လိုက်၏။

ထို့နောက် သူအကြိမ်ပေါင်းများစွာ လုပ်ခဲ့ရသည့်အဆင့်များအတိုင်း ဆက်လုပ်ရလေသည်။

ခေါက်ဆွဲချက်၍ ဟင်းခတ်အမွှေးအကြိုင်များထည်းပြီး ဆီပူလောင်းထည့်ခြင်း…မိနစ်အနည်းငယ်ကြာပြီးနောက် အစပ်အရသာဆီချက်ခေါက်ဆွဲမှာလည်း အဆင်သင့်ဖြစ်သွားလေပြီ။

နီရဲရဲနှင့် အစပ်ရနံ့သင်းသော ဟင်းပွဲနှစ်မျိုးမှာ စားသောက်လိုစိတ်ကို များစွာမြင့်တက်စေသည်မို့ သူတို့သည်လည်း မတတ်သာစွာဖြင့် ပန်ကန်လုံးအပြည့်ထည့်စားတော့သည်။

ဆီချက်ခေါက်ဆွဲနှင့် ကုန်းပေါင်ကြီးကြော် နှစ်မျိုးလုံးသည် စီချွမ်းဟင်းလျာများဖြစ်၏။

စီချွမ်းဟင်းလျာများ၏ ထူးခြားသည့်လက္ခဏာမှာ ပါဝင်ပစ္စည်းမြောက်များစွာအား ပေါင်းစပ်၍ ငြိမ့်ညောင်းသည့် အနံ့အရသာပြည့်စုံမှုကို ဖန်တီးနိုင်ခြင်းဖြစ်လေသည်။ လွန်ကဲသည့်အစပ်အရသာကြောင့်လည်း ကျော်ကြားသေး၏။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now