အခန်း၁၁။ အရသာရှိတဲ့အစားအစာက ပျို့အန်တဲ့ရောဂါကို ပျောက်ကင်းစေတယ်!

752 77 0
                                    

ဆီချက်ခေါက်ဆွဲတစ်ပွဲလုံးကို ဖန့်ယန် စားလိုက်သည်ကို မြင်သောအခါမှ ဆရာမလီ၏ မျက်နှာထက်တွင် ကျေနပ်သည့် အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။

ဖန့်ယန်၏ ပျို့အန်သည့်ဝေဒနာကြောင့် မိသားစုတွင် ဖိအားများနေရခြင်းဖြစ်သည်။

ပျို့အန်ဝေဒနာကို ကြာရှည်စွာ ခံစားရခြင်းကြောင့် ဖန့်ယန်၌ ဝိတ်ပြင်းထန်စွာလျော့ကျခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ စိတ်လှုပ်ရှားလွန်ကဲသည့် လက္ခဏာများနှင့် စိတ်ဓာတ်ကျခြင်းများဖြစ်‌နေခဲ့သည်။

၎င်းကြောင့် သူ၏ပုံမှန်ဘဝနေထိုင်မှုနှင့် အလုပ်ကိုလည်း သက်‌ရောက်မှုများရှိနေခဲ့သည်။ ဆရာမလီသည် ထိုအချင်းအရာကိုမြင်၍ နာကျင်ရသော်လည်း ဘာမျှမလုပ်နိုင်ခဲ့ပေ။

ပျို့အန်ဝေဒနာ၏ သေဆုံးနှုန်းမှာ ၁၀ရာခိုင်နှုန်းထိ မြင့်မားသည်။ ကုသရန်လည်း ခက်ခဲ၏။

ခွဲစိတ်ကုသခြင်းဖြင့်လည်း မကုသနိုင်ပေ။

လူနာ၏ ပျို့အန်ဝေဒနာခံစားရသည့်မှတ်တမ်းမှာ သုံးနှစ်အထက်ရှိမှသာလျှင် ခွဲစိတ်မှုပြုလုပ်နိုင်သည်ဟု သတ်မှတ်ချက်ရှိလေသည်။

ယခုတွင်တော့ ရှလဲ့၏လက်ရာသည် ဖန့်ယန်အား ပါးစပ်အပြည့် စားသောက်နိုင်စေခဲ့သည်။

လီကျင်းအတွက်တော့ ၎င်းမှာ အံ့ဖွယ်ဖြစ်ရပ်ပင်ဖြစ်သည်။

“ဘယ်လိုနေလဲ?”

ဖန့်ယန် ဆီချက်ခေါက်ဆွဲတစ်ပွဲလုံးစားပြီးသည့်အခါ လီကျင်း စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“အရသာရှိတယ်”

ဖန့်ယန်က စိတ်ကျေနပ်စွာဖြင့် ဗိုက်ကိုပုတ်လျက် လက်မထောင်ပြလိုက်သည်။

“အရမ်းအရသာရှိတယ်! ဒီလောက် အသက်ငယ်ငယ်လေးနဲ့ကို အချက်အပြုတ်စွမ်းရည်က ဒီလောက်မြင့်မားတဲ့အဆင့်ကိုရောက်နေပြီ”

“ဒီစီချွမ်းဟင်းလျာနှစ်ခုက အရမ်းကိုစစ်မှန်ပြီးပြည့်စုံလွန်းတယ်။ ငါငယ်ငယ်တုန်းက အမေ ချက်ကျွေးခဲ့တဲ့ အရသာနဲ့တူတယ်”

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now