အခန်း၃၂။ ပင်လုံးကြိုင်ပန်းဝိုင်အရသာကိတ်မုန့်!

290 31 0
                                    

ထိုအချိန်တွင်း၌ ရှလဲ့သည် စနစ်ထဲတွင် အချိုပွဲအမျိုးမျိုးကို ကြိုးစားကြည့်နေခဲ့သည်။

ဝိုင်အစား အခြားအချိုပွဲတစ်မျိုးကို အစားထိုးရန် လိုအပ်သည်လေ။

“ပွဲစီစဉ်သူတွေက အသင့်သုံးဆန်အရက်အချို့သာ စီစဉ်ပေးထားရင်”

ရှလဲ့ သက်ပြင်းချလိုက်၏။

ဆန်အရက်သာရှိလျှင် သူ အများကြီး ဒုက္ခခံနေရန်မလိုအပ်ပေ။

“ဆန်အရက်မရှိတော့ ဘီယာချက်တဆေးကိုလည်း သုံးမရဘူး”

ဘီယာချက်တဆေးကို ကစော်ဖောက်ရန်မှာ ၂၄‌နာရီနှင့်အထက် ကြာမြင့်နိုင်သည်။ ရှလဲ့သည် ဝိုင်ကို လက်လျှော့ရန်သာတတ်နိုင်သည်။

ဒါဆို သစ်ကြံပိုးခေါက်နဲ့ ဝိုင်ပဲ ကျန်ခဲ့တော့မှာမလား?

ရှလဲ့ ရုတ်တရက် အတင့်ရဲသည့် အကြံတစ်ခုရသွား၏။

ပင်လုံးကြိုင်ပန်းဝိုင်ကို လုပ်လို့မရနိုင်မှတော့ ဘာလို့ ဝိုင်ချက်ဖို့ပဲစဉ်းစားနေဦးမလဲ?

ပင်လုံးကြိုင်ပန်းဝိုင်အရသာနဲ့ ကိတ်မုန့်ဆိုရင်ရော ဘယ်လိုလဲ?

ရှလဲ့လည်း အကြံရသွားသည်နှင့် ချက်ချင်းစတင်လုပ်ဆောင်တော့သည်။

‌‌ဤသည်မှာ ရှလဲ့ကိုယ်တိုင် ဖန်တီးလိုက်သောအချိုပွဲဖြစ်သည်။ ထို့ကြောင့် စနစ်ဆိုင်ထဲတွင် ထိုအတွက် ချက်နည်းရှိမနေပေ။

သို့သော် ပုံမှန်ကိတ်များ ပြုလုပ်နည်းတော့ရှိသည်‌။

ရှလဲ့သည် ကိတ်ပြုလုပ်နည်းကို ချက်ချင်းလဲလှယ်ယူလိုက်သည်။

ပုံမှန်ကိတ်မုန့်လုပ်နည်းကို စတင်သင်ယူ၍ ထို့နောက် ပင်လုံးကြိုင်ပန်းဝိုင်အရသာထည့်လျက် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားစေလိုက်မည်။

ကိတ်ကို အပေါ်လွှာကြွပ်နေအောင် ဖုတ်ပါ… ပြောင်းဖူးဆီနှင့်နို့တို့ကို အရည်ဖျော်ပါ… အရည်အသွေးနိမ့်ဂျုံကို ‌ဆန်ခါချပါ… ကြက်ဥအကာထည့်ပါ… ထို့နောက်ဖုတ်ပါ။

ရှလဲ့သည် တစ်ဆင့်ချင်းသည် လိုက်လုပ်ခဲ့ပြီး တစ်နာရီကြာသောအခါ ရှလဲ့၏ပထမဆုံးသော ကိတ်မုန့်သည် အောင်မြင်တော့ပေမည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now