အခန်း၃၀။အသားတာဝါဟင်းလျာ!

584 49 0
                                    

အသားတာဝါဟင်းလျာသည် ရှန့်ဟိုင်းမှဆင်းသက်လာခြင်းဖြစ်သည်။

အရသာနှင့်အထိအတွေ့မှာ ဝက်သားဟင်းရွက်ထုပ်နှင့် ဆင်တူသော်ငြား ပုံသဏ္ဍာန်သည်တော့ လုံးဝကွဲပြားသည်။

အသားတာဝါဟင်းလျာကို အောင်မြင်စွာချက်ပြုတ်နိုင်ခဲ့လျှင် ရွှေရောင်အထပ်ထပ်နှင့်စေတီကဲ့သို့ ပုံသဏ္ဍာန်ရှိရမည်ဖြစ်သည်။

ဤဟင်းလျာသည် စားဖိုမှူး၏ထိန်တန်းအဆင့်ရှိ အချက်အပြုတ်စွမ်းရည်ဖြင့်သာ အောင်မြင်နိုင်ပေလိမ့်မည်။

ရှလဲ့က စနစ်ထဲသို့ချက်ချင်းဝင်သွားလိုက်ပြီး ကျန်ရှိသည့် လျှာကဝေအမှတ်များဖြင့် ဟင်းချက်နည်းအမျိုးမျိုးကို လဲလှယ်ယူလိုက်သည်။

အသားတာဝါဟင်းလျာသာမက အသီးအရွက်ဟင်း၊ အဓိကဟင်းလျာနှင့် အချိုပွဲများကိုပါ လဲလှယ်ထားလိုက်သည်…

ပြိုင်ပွဲဒုတိယအချီမစမီတွင် စားဖိုမှူးများအား ပြင်ဆင်ချိန် တစ်နာရီပေးထား၏။

ရှလဲ့သည်လည်း ထိုအချိန်တစ်နာရီအား စနစ်ကမ္ဘာထဲတွင် ဟင်းချက်နည်းများအား မှတ်နေရင်းဖြင့် လဝက်ခန့်လေ့ကျင့်နေလိုက်သည်။

တစ်နာရီကြာပြီးနောက်

ဒုတိယအချီ ပြိုင်ပွဲစတင်တော့သည်။

ပြိုင်ပွဲဝင်စားဖိုမှူးများကို ယာယီမီးဖို‌ချောင်များပြုလုပ်ပေးထားပြီး လှုပ်ရှားမှုတစ်ခုချင်းစီကို ကင်မရာဖြင့် မှတ်တမ်းတင်ထားသည်။

ဤပြိုင်ပွဲကို Huya၊ Douyu၊ Bilibiliစသည့် ရုပ်သံလိုင်းများတွင် တိုက်ရိုက်ထုတ်လွှင့်လျက်ရှိသည်။
ရှလဲ့ ပါဝင်ယှဉ်ပြိုင်ခြင်းကြောင်းလည်း ဖြ့စ်ကောင်းဖြစ်နိုင်ပါ၏။

ယခုနှစ်၏ထုတ်လွှင့်မှုမှာ ကျော်ကြားမှုအဆင့်အမြင့်ဆုံးဖြစ်၍ ကြည့်ရှုသူဦးရေသည်လည်း ၈သန်းကျော်ရှိလေသည်။

လူထုသည်‌ ပါရမီရှင်စားဖိုမှူးလေးအဖြစ် ကျော်ကြားသည့်ရှလဲ့သည် ဟင်းချက်ပြိုင်ပွဲ၌ မည်သည့်နေရာရနိုင်လိမ့်မည်ကို သိချင်စိတ်ပြင်းပြနေကြသည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now