အခန်း၁၈။ ရွှေရောင်သန်းသည့် ထမင်းကြော်

605 69 0
                                    

ရှလဲ့သည် နောက်ဘက်ရှိဆိုင်မှ ထမင်းတစ်ပန်းကန်ချေးလိုက်သည်။

ထမင်းကြော်၏အဓိကအချက်မှာ တစ်ညတာထားရှိသည့်ထမင်းကို အသုံးပြုရမည်ဖြစ်သည်။

တစ်ညထားပြီးထမင်းသည် အစိုဓာတ်ခန်း‌သွားသောကြောင့် ပို၍အဆင်ပြေ၏။ ကြော်လိုက်သည့်အခါတွင် ထမင်းစေ့များစေးကပ်မနေဘဲ ဝါး၍လည်းပိုကောင်း၏။

ရှလဲ့အသုံးပြုမည့် ထမင်းမှာ နေ့လည်က ချက်ထားခြင်းဖြစ်သည်။၁၀နာရီထားရှိပြီးဖြစ်သောကြောင့် လိုအပ်ချက်များနှင့်ကိုက်ညီပေသည်။

ထမင်းအပြင် ကြက်ဥလည်းပြင်ဆင်ရသည်။ ဝက်ပေါင်ခြောက်၊  ပုစွန်ခြောက်၊ ပဲစိမ်း၊ မျှစ်၊ ကြက်ပေါင်နှင့် အနားရှိစတိုးဆိုင်မှ အခြားသောပါဝင်ပစ္စည်းများကိုလည်း ပြင်ဆင်လိုက်၏။

ပါဝင်ပစ္စည်းတစ်ခုစီကို ပန်းကန်လုံးတစ်ခုစီတွင်ထည့်၍ စီထားလိုက်သည်။

“ထမင်းကြော်ဖို့ ပါဝင်ပစ္စည်းတွေအများကြီးလိုလို့လား”

ကျန်းထုန် မျက်မှောင်ကြုတ်လိုက်၏။

သူနားမလည်ပေ။

ပါဝင်ပစ္စည်းများစွာအသုံးပြုလျှင် အရသာကိုလည်း ပို၍လေးနက်စေနိုင်လိမ့်မည်။

သို့သော် ပါဝင်ပစ္စည်းကို လွန်စွာအသုံးပြုပါက အရသာများ သဟဇာတမရှိ ဖြစ်သွားနိုင်၏။

ဥပမာ ဝက်ပေါင်ခြောက်သည် ငန်၍ ပုစွန်သည်ချိုပြီး မှိုများသည် လတ်ဆတ်မှု အရသာရှိသည်…

ထိုအရာများအားလုံးသည် တစ်မျိုးတည်းဖြင့်လည်း အရသာကောင်းမွန်ကြ၏။

သို့သော် အားလုံးကိုပေါင်းထည့်လိုက်ပါက တစ်ခုယူ တစ်ခုရကဲ့သို့ အရသာပေါင်းစပ်သည့်ခံစားချက်မျိုး ရနိုင်ပေသည်။

ထို့ကြောင့် ‌ကျွမ်းကျင်စားဖိုမှူးအများစုသည် ဤတစ်ချက်ကို သတိထားကြ၏: ပါဝင်ပစ္စည်း အများကြီးမထည့်မိစေခြင်း ဟူ၍။

ဥပမာဆိုရလျှင် အရည်အသွေးမြင့် အမဲသားစတိတ်ဟင်းလျာတစ်ပွဲ အရသာကောင်းမွန်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင်ကောင်းမွန်ခြင်းနှင့် မီးအနေအထားမှန်မှန်ဖြင့်ချက်နိုင်ရန်သာလိုအပ်၏။ ပါဝင်ပစ္စည်းအများအပြားရောထည့်လိုက်ပါက မလိုအပ်သည့် အသေးစိတ်များ ထပ်ထည့်နေခြင်းသာဖြစ်ပေသည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now