အခန်း၁၄။ အင်တာနက်ဆယ်လီ ချင်းယွင်!

637 73 0
                                    


“အားလုံးပဲ မင်္ဂလာပါ။ ဒါက အသစ်ဖွင့်တဲ့ ဟုန်ရှင်းစားသောက်တန်းပါ။ ရှန်ဟိုင်း၊ ကျင်းအန်းပြည်နယ်ရဲ့ စီးပွားရေးအချက်အချာကျတဲ့နေရာမှာ ရှိနေတာပါ”

“ဒီနေ့ ကျွန်မက အားလုံးကို ဒီနေရာမှာ ဘယ်လိုစားကောင်းသောက်ဖွယ်တွေနဲ့ ပျော်စရာတွေရှိလဲဆိုတာကို ပြသပေးသွားပါ့မယ်”

ခန္ဓာကိုယ်အမိုက်စားနှင့် မိန်းမလှလေးတစ်ယောက်သည် စားသောက်တန်းတွင် ဆယ်ဖီကင်မရာတစ်လုံးနှင့် လမ်းလျှောက်နေသည်။

ဖြတ်သွားဖြတ်လာများသည် ထိုမိန်းကလေးကို အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။

သူမ,ခြေလှမ်းနည်းနည်းလှမ်းပြီးတိုင်းတွင် သူမနှင့်ဓာတ်ပုံအတူရိုက်လိုသူများ ရောက်လာကြ၏။ တချို့လူများသည် ဖုန်းကိုထုတ်၍ သူမကိုဗီဒီယိုရိုက်ကူးနေကြ၏။

သူမ၏နာမည်သည် ချင်းယွင်ဖြစ်သည်။ သူမသည် ပရိသတ် ၁၅မီလီယံကျော်ရှိသည့် ဆယ်လီတစ်ယောက်ပင်။

ပုံမှန်အားဖြင့် သူမ၏အချိန်တစ်ဝက်လောက်သည် ဂိမ်းကစားသည်ကို တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်၏။ တချို့တဝက်ကိုတော့ အိမ်ပြင်ထွက်၍ အပြင်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်သည်။
ချင်းယွင်သည် အစားအသောက်ကို နှစ်သက်သူလည်းဖြစ်၏။

ထို့ကြောင့် တစ်ခါတစ်ရံတွင် သူမသည် အချို့သော စားသောက်ဆိုင်များသို့ သွားရောက်ရိုက်ကူးလေ့ရှိသည်။

“ဒါက ကျွန်မအတွက်လည်း ဒီနေရာကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းပါ။ ဘယ်လို စားကောင်းသောက်ဖွယ်တွေရှိမလဲ အရမ်းမျှော်လင့်နေပြီ”

“ဒါပေမဲ့ ကျွန်မရဲ့ နှစ်ပေါင်းများစွာ အစားအသောက်တွေကို လေ့လာလိုက်စားချက်အရတော့… လူတန်းရှည်ကြီး တန်းစီနေတဲ့ဆိုင်တွေက များသောအားဖြင့် အရသာကောင်းလေ့ရှိကြတယ်”

ချင်းယွင် ပြုံးလိုက်သည်တွင် သူမ၏သွားစွယ်လေး ပေါ်ထွက်လာသည်မှာ အရမ်းချစ်စရာကောင်းလှ၏။
မီတာတစ်ရာကျော်မျှ လမ်းလျှောက်အပြီးတွင် လမ်းဘေးဘက်ရှိ ဆိုင်ခန်းလေသည် ချင်းယွင်၏အာရုံကို ဆွဲဆောင်သွား၏။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now