အခန်း ၃၁။ ဂေါ်ဖီပြုတ်!

348 31 0
                                    

ဆူနေသည့်ရေမှာ ကြက်စွပ်ပြတ်ရည်ကို ပြောခြင်းဖြစ်သည်။

ထိုစွပ်ပြုတ်ကို အဖိုးတန်ပါဝင်ပစ္စည်းများဖြစ်သည့် သက်တမ်းမြင့်ကြက်၊ သက်တမ်းမြင့်ဘဲ၊ ဝက်ခြေထောက်၊ ဝက်လက်၊ ဝက်နံရိုးနှင့် ဂုံးကောင်ခြောက်တို့ကို အနည်းဆုံးလေးနာရီခန့် ရောစပ်ကျို၍ အထူးတလည် ကိုင်တွယ်ရန် လိုအပ်၏။

နောက်ဆုံးရလာသည့်ကြက်စွပ်ပြုတ်သည် ရေကဲ့သို့ကြည်လင်နေသော်ငြား အရသာသည်တော့ လူ၏ရသာခံအာရုံတို့ကိုလှုံ့ဆော်နိုင်စွမ်းရှိသည်အထိ ကောင်းမွန်ပြည့်စုံရမည်ဖြစ်ပေသည်။

ဂေါ်ဖီအား ထိုအရည်ဖြင့် ပြုတ်ခြင်းကို  ဂေါ်ဖီပြုတ်ဟုခေါ်ခြင်းဖြစ်သည်။

စွပ်ပြုတ်သည် ဆီမပါဝင်ဘဲ စွပ်ပြုတ်ရည်သက်သက်သာ ပါရှိသည်ဟုထင်ရသော်ငြ့ား တကယ်တမ်းတွင် ကမ္ဘာပေါ်ရှိဟင်းလျာများအားလုံးကို ဖိနှိပ်နိုင်သည်အထိ နူးညံ့လှပပေသည်။

ရှလဲ့သည် စနစ်ထဲတွင် လေ့ကျင့်ရန် အချိန်များများမရခဲ့ပေ။

ထို့ပြင် ဤသည်မှာ ဂေါ်ဖီပြုတ်အား ကမ္ဘာအစစ်တွင် ပထမဆုံးအကြိမ် ချက်ပြုတ်ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် ရှလဲ့ စိတ်လှုပ်ရှားနေမိသည်။

ဝက်လက်တစ်ဝက်၊ ဝက်ခြေထောက်တစ်ဝက်၊ ကြက်မဲတစ်ကောင်၊ ဘဲတစ်ကောင်နှင့် ဝက်ပေါင်ခြောက်တစ်ပိုင်း။
ပါဝင်ပစ္စည်းအားလုံးကို သေချာသန့်စင်ထား၏။

ကြက်၊ဘဲတို့၏ အတွင်းကလီစာများကို တစ်ဝက်ခြမ်း၍ဖယ်ထုတ်လိုက်၏။

ကြက်ရင်အုံသားကို တခြားအသုံးပြုရန်အတွက် ဖယ်ထားလိုက်သည်။

ဝက်ပေါင်ခြောက်ကို ရေစိမ်လိုက်ရာ အရေပြားကွာကျသွား၏။

ပြိုင်ပွဲစီစဉ်သူများသည် ပြိုင်ပွဲဝင်များအတွက် အကောင်းဆုံးသော ပါဝင်ပစ္စည်းများကို ပြင်ဆင်ပေးထားခြင်းဖြစ်သည်။

ရှလဲ့၏လက်ထဲရှိ ဝက်ပေါင်ခြောက်သည် ၁၀နှစ်ကြာစီမံထားသည့်အသားဖြစ်သည်။ အသားသည် သိပ်သည်း၍ရနံ့မွှေးကာလတ်ဆတ်၏။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now