အားလုံး၏ အကြည့်များသည် ရှလဲ့၏ အာလူးကြော်သို့ အာရုံရောက်နေကြသည်။
ရှလဲ့၏ ဟင်းချက်နည်းသည် အားလုံးထဲတွင် အထူးခြားဆုံးဖြစ်သည်။
လှီးဖြတ်သည့်ဘနည်းလမ်းသည်လည်းထူးခြား၏။ အခြားသူများသည် တည့်မတ်စွာလှီးထားကြသော်လည်း ရှလဲ့သည်တော့ ထောင့်ဖြတ်လှီးထား၏။
ဟင်းချက်နည်းသည်လည်း ကွဲပြားသည်။ အာလူးများကို ရေအေးတွင်စိမ်ထားပြီးနောက် ကြော်ပြီးနောက်တွင် အရက်ဖျန်း၍မီးပူဟပ်စေခဲ့၏။
ထိုအဆင့်မှာ မည်သည့်စားဖိုမှူးမျှ ပြုလုပ်ခဲ့ဖူးခြင်းမရှိသည့်အဆင့်ပင်..။
အဲဒါက တကယ်ပဲ အရသာကောင်းပါ့မလား?
ရှလဲ့ကိုယ်တိုင်ပင် မျှော်လင့်စောင့်စားနေမိ၏။
အဘယ်ကြောင့်ဆိုသော် ထိုနောက်ဆုံးအဆင့်သည် စနစ်ဆိုင်မှပေးသည့် ဟင်းချက်နည်းမဟုတ်ဘဲ ရှလဲ့ကိုယ်တိုင်၏ လုပ်ချင်စိတ်ကြောင့် ဖန်တီးခဲ့ခြင်းဖြစ်သောကြောင့်ပင်။
ဒိုင်လူကြီးများ၏ အသိအမှတ်ပြုမှု ရနိုင်မည်ကို ရှလဲ့လည်း မသေချာပေ။
“အရင်ဆုံး မြည်းကြည့်တာပေါ့”
အရင်ဆုံး လင်စူးဝေ့မှ တူကိုင်၍ အာလူးမြှောင်းတချို့ကို စားလိုက်သည်။
သို့သော် ထူးဆန်းသည်မှာ အရက်ဖျန်း၍မီးဟပ်ထားခြင်းမရှိသည့် အောက်ဘက်မှအာလူးကို ယူစားလိုက်ခြင်းပင်။အာလူး၏ အထူအပါးမှာ ပေတံဖြင့်တိုင်းတာလှီးထားသကဲ့သို့ သင့်တင့်မှုရှိ၏။ အာလူးမြှောင်းတိုင်းသည် အထူ၊အရှည် အားလုံး တစ်ညီတည်းသာဖြစ်သည်။
မီးခြစ်ဆံမျှလောက်အရွယ်အစားရှိ၍ အထိအတွေ့သည်လည်း ကောင်းမွန်၏။ အလွယ်တကူ ကျိုးပျက်သွားခြင်းမရှိပေ။မီးအပူချိန်ထိန်းညှိရာတွင်လည်း ပြီးပြည့်စုံ၏။ အာလူးကိုစားလိုက်သည့်အခါတွင် ကြွပ်ရွ၍ ရနံ့မွှေးကာ အထုံနှင့်အတူ ချဉ်စပ်အရသာကိုလည်း ခံစားရသည်။ အရသာအားလုံးသည်လည်း အနေတော်ပင်။
စားဖိုမှူးလင်၏မျက်နှာအမူအရာသည်လည်း အံ့အားသင့်စွာဖြင့် မျက်ခုံးတစ်ချက်ပင့်သွားလေသည်။
YOU ARE READING
နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့)
Fantasyရှလဲ့သည် အပြိုင်စကြဝဠာတစ်ခုရှိ ချစ်စဖွယ်ကောင်းသော ရှစ်နှစ်သားလေး၏ ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းသွားခဲ့သည်။ ဤနေရာတွင် စားကောင်းသောက်ဖွယ်များ မရှိချေ။ သူ့မိဘများကလည်း နိုင်ငံရပ်ခြားကို ထွက်သွားကြပြီး သူ့ကိုယ်တော့ ကိုယ့်ဘာသာ ရှာဖွေစားသောက်စေခဲ့သည်။ သ...