အခန်း၂၃။ဟင်းပွဲအသစ်စမ်းသပ်ခြင်း!

617 62 0
                                    

ဘန်း...

မီးဖိုမှ အသံကျယ်တစ်ခုနှင့်အတူ မိုးပြာရောင်မီးလျံတစ်ခု ထွက်ပေါ်လာ၏။
အိုးကို အနည်းငယ် အပူပေးပြီးနောက် အိုးထဲသို့ ဟင်းရွက်ဆီထည့်လိုက်သည်။

ဟင်းရွက်ဆီကိုရွေးချယ်ရသည့်အကြောင်းရင်းမှာ တို့ဟူးနှင့် ပို၍အစေးကပ်သောကြောင့် ဖြစ်သည်။ ဟင်းလျာကိုစားသည့်အခါတွင် ဆီရနံ့လေး ပျံ့လွင့်နေလိမ့်မည်ဖြစ်သည်။

ဟင်းရွက်ဆီကို အပူပေးပြီးနောက် အမဲသားကို ထည့်ကြော်လိုက်သည်။
အမဲသားကို ယောက်မဖြင့် ဟိုဘက် သည်ဘက်လှန်လိုက်သည်တွင် အမဲသား၏အဆီမှ ဆွဲဆောင်မှုရှိလှသည့်ရနံ့သည် စနစ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံတော့သည်။

ခုနမှ နုပ်နုပ်စဉ်းခဲ့သည့် ပဲပိစပ်အနှစ်များကိုလည်း ထည့်ကြော်လိုက်၏။
ဤအဆင့်၌ သေချာလေးကြော်ပေးရန်လိုအပ်ပေသည်။

ကြော်ရမည်!

အနံ့မွှေးလာသည်အထိ!

ကြက်သွန်နှင့် ချင်းတချို့ပါထည့်၍  ထပ်မံကြော်လိုက်သည်။

ဤပါဝင်ပစ္စည်းများအား စောစီးစွာထည့်ထားခြင်းဖြင့် အိုး၏အပူချိန်ကို လျှော့ချပေးရုံသာမက အရသာကိုလည်း ပိုမိုကောင်းမွန်စေသည်။

ငရုတ်သီးမှုန့်ကိုလည်း ရင်းနှီးနေသည့်ပမာဏအတိုင်း အိုးထဲသို့ဖြူးထည့်လိုက်၏။

ငရုတ်ကောင်းနှင့် ငရုတ်ဆီကိုလည်း ၇:၃ဖြင့် ထည့်ကြော်လိုက်သည်။

ငရုတ်ကောင်းသည် ဟင်းပွဲ၏ရနံ့ပိုကောင်းမွန်စေရန် အသုံးပြုရခြင်းဖြစ်ပြီး ငရုတ်ဆီသည်တော့ ဟင်းပွဲ၏အစပ်အရသာကို ကောင်းမွန်စေရန် အသုံးပြုခြင်းဖြစ်သည်။

ဟင်းချက်ဝိုင်၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် ရေတို့ကို ထည့်လိုက်သည်။
ရေအိုးတစ်ဝက်ခန့်ထည့်ပြီးနောက် သကြားထာ့်လိုက်သည်တွင် လန်းဆန်းသည့်ရနံ့နှင့် အစပ်ရနံ့တို့ ချက်ချင်းထွက်‌လာလေ၏။

လူအများစုသည် အစပ်ဟင်းလျာထဲသို့ သကြားထည့်ချက်ခြင်းသည် လွန်စွာမအပ်စပ်သည့်လုပ်ရပ်ဖြစ်သည်ဟု တွေးကောင်းတွေပေလိမ့်မည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now