အခန်း၂၂။ မီနူးချဲ့ထွင်ခြင်း- မာ့ဖိုတို့ဟူးထမင်း!

658 68 1
                                    

လက်ရှိအချိန်တွင် ရှလဲ့၏ဆိုင်လေးသည် အတော်လေး အဆင်ပြေနေပေသည်။

အကြွေးဆပ်ရန်ပိုက်ဆံကို မြန်မြန်ရှာနိုင်ခဲ့၏။ သူ့အကောင့်ထဲရှိ ငွေသည်ပင် ယွမ်၂သောင်းကျော် ရှိလာခဲ့သည်။

“မီနူးချဲ့ထွင်ဖို့ အချိန်ကျပြီ”

ရှလဲ့သည် သူ၏အချက်အပြုတ်စွမ်းရည် ကန့်သတ်ချက်ကို ရှင်းရှင်းလင်းလင်း ခံစားရနိုင်ပါသည်။

ယခုအချိန်ထိ စနစ်မှ ဆီချက်ခေါက်ဆွဲ၊ ကုန်းပေါင်ကြီးကြော်၊ ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ်နှင့် မုန်လာချဉ် ဟင်းလျာလေးမျိုးကိုသာ သင်ယူနိုင်ခဲ့သေးသည်။
ဤသည်မှာ လုံလောက်ဖို့ရန် ဝေးကွာလွန်းသေး၏။

အထူးသဖြင့် ပါဆယ်‌ဈေးကွက်တွင် အောင်မြင်လိုပါက ဆီချက်ခေါက်ဆွဲအား ပဓာနဟင်းပွဲထားရှိခြင်းသည် မလုံလောက်ပေ။

ပို့ဆောင်မှုတစ်ကြောင်းသည် အနည်းဆုံး နာရီဝက် သို့မဟုတ် ထိုထက်ပင်ကြာမြင့်နိုင်၏။ စားသုံးသူသို့ ပို့ဆောင်ပြီးသည့်အချိန်တွင် ခေါက်ဆွဲသည် ပွနေလောက်လေပြီ။

ပို့ဆောင်ရန်အတွက် အသင့်တော်ဆုံးသော အစားအစာမှာ ထမင်းဖြစ်၏။

အချိန်ခဏမျှ ရေရွတ်နေပြီးနောက်တွင် စနစ်ဆိုင်မှ သင့်တော်သည့် ထမင်းနှင့်သက်ဆိုင်သောဟင်းလျာကိုရှာဖဖွေရန် ဆုံးဖြတ်လိုက်တော့သည်။

“ငရုတ်သီးစိမ်းထမင်းနှင့် အသားကြော်… အားလူးနုပ်နုပ်စဉ်းကြော်နှင့်ထမင်း… မာ့ဖိုတို့ဟူးထမင်း…”

“မာ့ဖိုတို့ဟူးထမင်းက အတော်လေး အဆင်ပြေမယ့်ပုံပဲ”

မာ့ဖိုတို့ဟူးထမင်းအား ရွေးချယ်လိုက်သည့် အကြောင်းရင်းသည်လည်း လွန်စွာရိုးရှင်း၏…

ဒိတိုင်း… ရှလဲ့ စားချင်လို့ပင်။

သူစားချင်၍ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

လျာကဝေအမှတ်၅၀ဖြင့် ဟင်းချက်နည်းအားလဲလှယ်ပြီးနောက် ရှလဲ့၏စိတ်ထဲတွင် အချက်အလက်များ ပြည့်နှက်သွားတော့သည်။

ရှလဲ့သည် ဤခံစားချက်အား စိမ်းသက်မနေတော့ပေ။

ဟင်းချက်နည်းသစ်ရသည်နှင့် စနစ်ကမ္ဘာထဲသို့ ချက်ချင်းဝင်ရောက်ကာ လေ့ကျင့်တော့သည်။

နတ်ဘုရား စားဖိုမှုးလေး(ရှလဲ့) Where stories live. Discover now